ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် စည်ပင်အမှိုက်သိမ်းယာဉ် တစ်လတစ်ကြိမ်သာလာ၍ လမ်းဘေး အမှိုက်ပစ်သူများလာ

Dawei Watch

June 16, 2026

အမှိုက်သိမ်းယာဉ် ပုံမှန်မလာသော်လည်း လစဉ်ကြေးမှာ တိုးမြှင့်ကောက်ခံနေပြီး တစ်လလျှင် ကျပ်တစ်သောင်းအထိ ပေးဆောင်ရသော ရပ်ကွက်များရှိသည်ဟု ဆိုသည်။

စစ်အာဏာရှင်တပ်က မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးချ၍ နေအိမ်မီးလောင်

Dawei Watch

June 15, 2026

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ၍ နေအိမ်တစ်ဆောင်မီးလောင်သွားပြီး အခြားအိမ်တစ်ဆောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဒုတိယအကြိမ် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင် အမှတ် ၃၀၆ အမြောက်တပ်မှ မော်တုန်းရွာ (အနောက်ကမ်း) ကို ဒရုန်းဖြင့် ဗုံးသီးချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ မီးလောင်သွားသည့် နေအိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး နံဘေးရှိ နှစ်ထပ်နေအိမ်တွင်လည်း ဗုံးစများထိမှန်၍ အနည်းငယ်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။ “တစ်ထပ်အိမ်တစ်ဆောင်က မီးလောင်ပြီး ပျက်စီးသွားတယ်။ တစ်ဆောင်က နည်းနည်းထိသွားတယ်။ အိမ်တွေမှာက လူတွေနေကြတယ်။ ဒရုန်းတက်လာတာ သိလို့ လူတွေက ပြေးသွားကြလို့ လူတွေတော့ […]

စစ်အာဏာရှင်တပ်က မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးချ

Dawei Watch

June 14, 2026

တနင်္သာရီမြို့နယ် မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ၍ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် ၃၀၆ အမြောက်တပ်မှ ဒရုန်းဖြင့် မော်တုန်းရွာ (အနောက်ကမ်း) ကူးတို့ဆိပ်အနီးသို့ ၁၂၀ မမ ဗုံးသီး ၁ လုံးချ၍ တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၁ စီး ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒရုန်းက (ပန်ကာ)ခြောက်ရွက်ဒရုန်း တစ်လုံးကြဲလိုက်တာ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးသွားတယ်။ ကျေသွားတယ်။ လူထိခိုက်မှုမရှိကြောင်းတော့ ကနဦးသိထားရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ တနင်္သာရီမြစ်၏ တစ်ဖက်တစ်ချက်တွင် မော်တုန်းရွာ […]

ပုလော ဆင်ထိုးကြီးရွာတွင် ဆယ်ကျော်သက်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ

Dawei Watch

June 12, 2026

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်က ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်အပြင်းအထန်ဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၁၇နှစ်အရွယ် ယောင်္ကျားလေးသည် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနှင့် အုန်းသီးစိမ်း ခူးရန် ၎င်း၏ နေအိမ်ခြံဝင်းထဲရှိ အုန်းပင်သို့သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ညာခြေတစ်ဖက်တော့ ကြေမွသွားတယ်လို့ပြောတယ်။ မနေ့ညက ပလောက်ဆေးရုံကိုတင်ထားတယ်” ဟု ဆင်ထိုးကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ အဆိုပါ ယောင်္ကျားလေး၏ မိသားစုသည် ကျောက်လုံးကြီးရွာတွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး အုန်းသီးခူးစာရန် ရွာသို့ လာရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “စစ်ဘေးရှောင်နေရတဲ့မိသားစု၊ အခုက တဲကုတ်ထိုးပြီး နေနေကြတယ်။ ဆင်းကလည်း ဆင်းရဲ […]

တနင်္သာရီ တကူနှင့် သာရဘွင်တို့တွင် ကွမ်းသီးနု စျေးကောင်းမရ

Dawei Watch

June 12, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့တွင် ယခုနှစ် ကွမ်းသီးနု အထွက်များသော်လည်း စျေးကောင်းမရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။ ဇွန်လ ပထမပတ်ကစ၍ ကွမ်းသီးနုများ ခူးယူရောင်းချနေကြပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ် စျေးနှုန်းထက် နည်းနေသော်လည်း ဝမ်းရေးအဆင်ပြေရန် ရောင်းချနေကြကြောင်း သာရဘွင်ကျေးရွာအုပ်စုမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်တွင် ကွမ်းသီးနု ရာသီအစတွင် တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ် ဝန်းကျင်စျေးရပြီး ယခုနှစ်တွင်မူ ကျပ် ၇,၀၀၀ ဝန်းကျင်သာ စျေးရကြောင်း ၎င်းက ဆိုသည်။ “စျေးနည်းလည်းပဲ ကောက် (ခူး) ရောင်းနေရတယ်။ စားဖို့သောက်ဖို့ မရှိလို့လေ”ဟု အထက်ပါခြံပိုင်ရှင်က ပြောသည်။ ကွမ်းသီးနု စျေးမရသော်လည်း သူခိုး ခိုးယူမည်ကို စိုးရိမ်သဖြင့် ရသည့်စျေးဖြင့် ခူးယူရောင်းချနေရကြောင်း တကူကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောဆိုသည်။ “နုနေတဲ့ တစ်ခိုင်တွေ့ရင် […]

နေရာထပ်မံရွှေ့ပြောင်းရသည့် သဲဖြူရွာစစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်

Dawei Watch

June 11, 2026

တနင်္သာရီမြို့နယ် သဲဖြူရွာမှ စစ်ရှောင်များသည် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် နေရာထပ်မံရွှေ့ပြောင်းရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ မေလ ပထမပတ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက သဲဖြူရွာချောင်းဖျား (ဒေသအခေါ်) ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် သဲဖြူရွာမှ စစ်ရှောင်များမှာ ကြိမ်ချောင်းရွာဘက်သို့ ထပ်မံရွှေ့ပြောင်းရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ စုစုပေါင်း စစ်ရှောင်ဦးရေ သုံးရာဝန်းကျင်ရှိပြီး နှာစေး၊ ချောင်းဆိုးကဲ့သို့ ဖျားနာခြင်းများဖြစ်လျှင် မကုသဘဲ စိုးရိမ်ရသည့် အခြေအနေရောက်မှသာ သဘော့လိပ်ရွာနှင့် တနင်္သာရီမြို့ပေါ် ဆေးခန်းများတွင် သွားရောက်ပြသကြကြောင်း ၎င်းက ဆိုသည်။ “အစားအသောက်မှာ အခက်အခဲဖြစ်တယ်။ ဆေးခန်းက တအားဝေးတယ်။ အချို့တွေက သွားပြကြတယ်။ အချို့တွေက စပ်ဆေးတွေ ဝယ်လာကြတယ်။ မိုးရာသီဖြစ်တော့ […]

မောတောင်တွင် အိမ်ဖောက်ထွင်းယူလာသည့်ပစ္စည်းများကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ကားလမ်းတွင်ချရောင်း

Dawei Watch

June 10, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် နေအိမ်နှင့် ကုန်စုံဆိုင်များကို ဖောက်ထွင်းပြီး ယူဆောင်လာသည့် ပစ္စည်းများ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပြည်ထောင်စုလမ်းမတွင် ခင်းကျင်းကာ ရောင်းချနေကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားများက ပြောသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်းရှိ ကုန်စုံဆိုင် များနှင့် အိမ်များတွင်ရှိသည့် ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည်တို့ကို ကားများဖြင့် သယ်ယူနေကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါပစ္စည်းများကို စစ်ကူလာပို့သည့် ကားဖြင့် စစ်အာဏာရှင် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းအခြေစိုက်သည့် ကမ္မလိုင်းကျေးရွာသို့ သယ်ဆောင်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။ ကမ္မလိုင်းရွာသည် တနင်္သာရီမြို့နှင့် မောတောင်မြို့ကြား တည်ရှိသည်။ ယင်းနောက် ကမ္မလိုင်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ရှိ ပြည်ထောင်စုလမ်းမတွင် ဇွန်လ ၇ရက်က ခင်းကျင်းကာ […]