တနင်္သာရီမြစ်နံဘေး ကျောက်လုံးကြီး စစ်အာဏာရှင်တပ်စခန်းကို KNLA နှင့် မဟာမိတ်များသိမ်းယူ
Dawei Watch
May 30, 2026တနင်္သာရီမြို့နယ် ကျောက်လုံးကြီးကျေးရွာအုပ်စုတွင်ရှိသည့် စစ်အာဏာရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ်များက သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ယနေ့ မေလ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ တနင်္သာရီမြစ်နံဘေးရှိ ကျောက်လုံးကြီးစခန်းကို မေလ ၂၉ ရက် ညနေ ၄ နာရီတွင် KNU ၊ တပ်မဟာ(၄) ဗျူဟာအမှတ် (၁) ဦးဆောင်မှုဖြင့် K.N.D.Oတပ်ရင်း (၇) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်သားများသည် တပ်စခန်းအပြင် ကျေးရွာအတွင်း နေအိမ်၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စသည့် နေရာအများစုတွင်လည်း နေရာယူတပ်စွဲခဲ့သည်ကို တွေ့ရကြောင်း KNU ၊ မြိတ်-ထားဝယ်ခရိုင် ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ပြောသည်။ […]


