ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောတွင် ရေတံခွန်၌ ရေသွားကစားသည့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

May 28, 2026

ပုလောမြို့နယ်တွင် မေလ ၂၇ရက် နေ့လယ်ပိုင်းက အသက် ၂၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။

ပုလောမြို့နယ်၊ ကျောက်လိပ်ရွာအနီးရှိ ရေတံခွန်တွင် သူငယ်ချင်းများနှင့်အတူ ရေသွားကူးစဉ် ရေနစ်ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးသည် ပုလောမြို့နယ် တိုရွာသူဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အတူ ပုလောမြို့တွင် နေထိုင်နေသူ ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် စစ်အာဏာရှင်တပ်က တိုရွာကို မီးရှို့သောကြောင့် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြသည်။

ပုလောမြို့အနီးတွင် ရေတံခွန်များ ပေါများပြီး မိုးဦးကျကာလတွင် သွားရောက်လည်ပတ်ကာ ရေကစားသူများနှင့် စည်ကားလေ့ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

ယခုနှစ် မိုးဦးကျကာလ မေလအတွင်း၌ပင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ သုံးဦးအထိ ရှိသည်။