တနင်္သာရီ ဖားကွင်းရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံံးကြဲသဖြင့် စာသင်ကျောင်းပျက်စီး
Dawei Watch
May 25, 2026ဖားကွင်းရွာအနီး ကျောက်လုံးကြီးရွာရှိ စစ်အာဏာရှင်တပ်စခန်းဘက်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဆိုသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါဖားကွင်းရွာအနီး ကျောက်လုံးကြီးရွာရှိ စစ်အာဏာရှင်တပ်စခန်းဘက်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဆိုသည်။
တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး ကလေးအပါဝင်နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၁ရက် ည ၆နာရီ ၃၀မိနစ်ဝန်းကျင်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန် တပ်ရင်းမှ ကျွဲထိန်းကုန်းရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး ကျည်တစ်လုံးမှာ နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျည်စ ဦးခေါင်းထိမှန်ပြီး အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၄နှစ်အရွယ် မိန်းကလေးငယ်မှာ ခြေတစ်ဖက် ဆုံးရှုံးကာ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးတွင် ခြေထောက် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “လက်နက်ကြီး […]
မြိတ်မြို့တွင် လေးလတာကာလအတွင်း လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၁၁၀၁ ကျပ်သာရှိရာမှ ဖေဖော်ဝါရီလတွင် တစ်ယူနစ် ၁၁၄၆ ကျပ်၊ မတ်လတွင် ၂၀၂၅ ကျပ်၊ ဧပြီလတွင် ၂၁၀၃ ကျပ်အထိ တိုးမြင့်ကောက်ခဲ့ခြင်းဖြစ်သည်။ မီတာခက တရိပ်ရိပ်တက်လာသည့်အတွက် ကုန်ကျစရိတ်ပိုများလာပြီး အခက်တွေ့နေရကြောင်း မြိတ်မြို့၊ ကန်ဖျားရပ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “မီးဈေးကတော့ တစ်လတစ်ဈေး တက်နေတယ်။ လခစားဖြစ်တဲ့အတွက် အိမ်အသုံးစရိတ်ကြီးမှာ တော်တော်စိုးရိမ်တယ်။ အခုလည်း အရင်မီတာခ တစ်လကို (ကျပ်)ငါးသောင်းကျော် အခု တစ်သိန်းကျော်ဖြစ်နေပြီ။ တော်တော်ဒုက္ခရောက်ရတယ်”ဟု ၎င်းကပြောသည်။ မြိတ်မြို့လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Trans ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်မီးစက်များဖြင့် လျှပ်စစ်ထုတ်လုပ်နေသည်။ ယင်းကဲ့သို့ မီတာခဈေးတက်လာသည့်အတွက် […]
တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ် ကလေးတစ်ဦးကို မုန့်ကျွေးမည်ဟု ခေါ်ဆောင်ကာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၀ ရက်နေ့တွင် သဘော့လိပ်ကြီးရွာ ခဲလုပ်ကွက်၌ ခဲလုပ်ကိုင်နေသည့် ရွှေကျင်လုပ်သား အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် အသက် ၁၀ နှစ်အရွယ် ကလေးငယ်ကို မုန့်ကျွေးမည်ဟုဆိုကာ လူပြတ်သည့်နေရာသို့ ခေါ်ဆောင်၍ မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကလေးမလေးကို မုန့်ကျွေးမယ်ဆိုပြီး လိမ်ခေါ်တယ်။ ခြုံထဲမှာ မုဒိမ်းကျင့်လိုက်တာ။ ပြုကျင့်တဲ့နေရာက လူတအားပြတ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ အဆိုပါ ၁၀ နှစ်အရွယ် ကလေးငယ်၏ မျက်လုံးနှင့် လည်ပင်းတို့၌ ဒဏ်ရာများရရှိထားပြီး မိန်းမကိုယ်မှလည်း သွေးများ […]
ပုလောမြို့နယ်၊ ကဒဲရွာကို စစ်အာဏာရှင်တပ်က ပါတာမော်တာ (စက်တပ်လေထီး) ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ မေလ ၂၀ရက် ညနေ ၄နာရီခွဲတွင် ပါရာမော်တာသုံးစီး လာရောက်ပြီး ကဒဲရွာကို ဗုံးချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “(ဗုံးပေါက်ကွဲတာ) တစ်ချက်တော့ အသံကြားလိုက်တယ်။ တစ်လုံးချထားခဲ့တယ် ထင်တယ်။ လာတာက သုံးစီး မြင်တော့ မြင်ရတယ်။ မြင့်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် စစ်အာဏာရှင်တပ်က ကဒဲရွာက နေအိမ်များကို မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် လူအနည်းစုသာ ပြန်လည်နေထိုင်နေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပုလောမြို့နယ်တွင် ပါရာမော်တာဖြင့် ဗုံးချတိုက်ခိုက်မှုမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း […]
စစ်အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ယနေ့(မေ ၁၉) ပြန်ရသွားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်များက အတည်ပြုပြောဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်၍ မြို့အတွင်းသို့ ဝင်ရောက်လာသဖြင့် အလွယ်တကူပြန်သိမ်းနိုင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့တွင် အမှတ် (၉) ရွာသို့ ရောက်ရှိလာပြီး တော်လှန်ရေးတပ်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လမ်းခရီး၌ တွေ့ရှိသည့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်ကြောင်း ဆက်လက်ထိုးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “တော်လှန်ရေးတပ်ဖွဲ့တွေမှာက ကျည်လုံလောက်မှုမရှိတာလည်း ပါတယ်။ တကယ်လို့ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေကို သူတို့က ဒိုင်းကာလုပ်ထားပြီးပြီ။ ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။ ပစ်လို့မရဘူးလေ၊ ဆုတ်ပေးလိုက်ရတယ်။ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေ သေမှာလေ” ဟု […]
မြိတ်မြို့၊ ကလွင်ရပ်ကွက်၊ မော်စွန်း (ဒေသအခေါ်) ဓနိတောအစပ်တွင် မေလ ၁၈ ရက် ညနေပိုင်းက ရေနစ်သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ သေဆုံးသူသည် ကလွင်ရပ်ကွက်တွင် သက်ကြီးပိုင်း မိဘနှစ်ဦးနှင့်အတူ နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ရေနစ်သေဆုံးနေသူကို ရပ်ကွက်နေပြည်သူများက စတင်တွေ့ရှိခဲ့ပြီး ရပ်ကွက်တာဝန်ရှိသူများမှတစ်ဆင့် ပရဟိတအသင်းသို့ အကြောင်းကြားကာ ဆေးရုံသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ယင်းရုပ်အလောင်းကို မြိတ်မြို့အခြေစိုက် ဝဋံသက နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ “ရာအိမ်မှူးက အကြောင်းကြားလာလို့ သွားသယ်ပေးတာ။ ရင်ခွဲစစ်ဆေးချက်အရ ရေနစ်သေဆုံးတာပါပဲ။ ဒီနေ့ (မေလ ၁၉ ရက်) ပဲ သင်္ဂြိုဟ်လိုက်တယ်။ မိသားစုက […]
ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများ အမိုးအကာနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။ တနင်္သာရီ-မောတောင်လမ်းပိုင်းနှင့် မောတောင်မြို့အနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။ ဧပြီလ ၂၆ရက်မှ ၂၈ရက်အထိ ကျေးရွာများကို သုံးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ကျေးရွာ ကိုးရွာက ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာဥယျာဉ်ခြံများတွင် တိမ်းရှောင်ကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ မေလ ၈ ရက်တွင် စစ်ဘေးရှောင်များရှိသည့် နေရာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်း ရောက်ရှိလာသဖြင့် အခြားနေရာသို့ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ၎င်းက ပြောဆိုသည်။ ယင်းနောက် မေလ ၁၈ ရက်တွင်လည်း စစ်အာဏာရှင်တပ် […]