ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း တနင်္သာရီအပါအဝင် နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၀ကျော် သေဆုံး

Dawei Watch

September 5, 2026

မြန်မာနိုင်ငံတစ်ဝန်းတွင် ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၅ ဦး အသက်ဆုံးရှုံးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။ တနင်္သာရီ၊ ကရင်၊ မန္တလေး၊ ကရင်နီ (ကယား)၊ ပဲခူး၊ မကွေး၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် ပြည်နယ်နှင့်တိုင်း ကိုးခုတွင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ခြောက်ဦးပါဝင်သည်။ ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၃ ဦး၊ ချင်းပြည်နယ် ကိုးဦး၊ မကွေးတိုင်းတွင် ခြောက်ဦးဖြင့် အမျိုးသမီး သေဆုံးမှုနှုန်း အများဆုံးရှိခဲ့ပြီး ကျန်ဒေသ ငါးခုတွင်မူ တစ်ဦးမှ သုံးဦးကြား သေဆုံးကြောင်း ဖော်ပြသည်။ […]

တနင်္သာရီမြစ်ရေ ပြန်ကျ၊ ပိတ်မိနေသည့်ကားများ ဖြတ်သန်းခွင့်ရ

Dawei Watch

September 5, 2026

တနင်္သာရီမြစ်ရေသည် စက်တင်ဘာလ ၄ ရက်ကစ၍ အန္တရာယ်ရေအမှတ် ၂၄ ပေအောက် လျော့ကျလာနေကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၅ ရက်တွင်မူ ရေအမှတ် တိုင်းတာသည့် ရေအမှတ်တိုင် ကျိုးပဲ့သွားသဖြင့် ယနေ့ ရေအမှတ် တိတိကျကျ မသိရကြောင်း ၎င်းတို့က ပြောသည်။ တနင်္သာရီမြို့အတွင်း၌မူ ယနေ့ နံနက်တွင် ရေပြန်ကျနေကာ နေအိမ်အချို့ သန့်ရှင်းရေးလုပ်နေကြပြီး ရေဝင်နေသေးသည့် နေအိမ်အချို့လည်း ရှိနေသေးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ရေကြီးရေလျှံနေသည့် မော်တုန်းရွာနှင့် တကူရွာဘက်တွက်လည်း ရေပြန်ကျနေပြီဖြစ်ကြောင်း ဒေသခံများ မှတ်တမ်းတင်ထားသည့် ရုပ်သံများအရ သိရသည်။ ပြည်ထောင်စုကားလမ်းမပေါ် ရေကျော်၍ ကားများပိတ်မိနေသည့် လယ်တောင်ယာရွာတွင်လည်း ယနေ့ စက်တင်ဘာလ ၅ နံနက်မှစ၍ ရေကျကာ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ […]

မောတောင်မြို့တွင် လက်နက်နှင့် လုပ်ပိုင်ခွင့်ကြောင့် ပျူစောထီးထဲ ဝင်ရောက်သူများလာ

Dawei Watch

September 5, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းပိုက်ပြီးနောက် ဒေသခံများ ပျူစောထီးအဖြစ် ဝင်ရောက်မှုများလာကြောင်း ဒေသခံများထံမှ သိရသည်။ မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်သော်လည်း ၂၀၂၆ ခုနှစ် မေလတွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ယင်းနောက် စစ်အာဏာရှင်တပ်က ဒေသခံများကို ပျူစောထီးအဖြစ် ဝင်ရောက်လာစေရန် အခွင့်အရေးများပေးခြင်း၊ ဖိအားမျိုးစုံပေးခြင်းတို့ လုပ်ဆောင်လာကြောင်း ဒေသခံများက ဆိုသည်။ သြဂုတ်လလယ်တွင် စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ဒေသခံများကို ဘုန်းကြီးကျောင်းတွင် အစည်းအဝေးခေါ်၍ ပျူစောထီးနှင့် စစ်မှုထမ်းခြင်းကို ရွေးခိုင်းကြောင်း ၎င်းတို့က ဆိုသည်။ ပျူစောထီးအဖြစ် ဝင်ရောက်လုပ်ကိုင်သူအများစုမှာ ဆီအုန်းကုမ္ပဏီမှ လုပ်သားများနှင့် စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းပိုက်ချိန်တွင် နေရာပြောင်းရွှေ့ရန် ခက်ခဲသူများဖြစ်ကြောင်း […]

မောတောင်မြို့ခံတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

September 4, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် အသက် ၂၈နှစ်အရွယ် မြို့ခံ အမျိုးသားတစ်ဦးသည် မြို့ခံအချို့နှင့်အတူ ကားသွားယူစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သြဂုတ်လ ၂၆ရက် နေ့လယ်ပိုင်းတွင် မောတောင်မြို့ပြင်တွင်ရှိသည့် ဒေသအခေါ် မွန်ကျောင်း (ဘုန်းကြီး‌ကျောင်း) အနီးတွင် ဒေသခံအချို့ စည်ပင်ဦးစီး၏ ကားကို သွားယူ‌‌ပေးစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ KNU လက်အောက်ခံတပ်များနှင့် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းယူစဉ် သိမ်းထားသည် အဆိုပါကားကို ဒေသခံများ ပြန်လည်သွားရောက်ယူဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းမှာပဲ နင်းမိတာလား။ ကားနားမှာ နင်းမိလားတော့ အတိအကျ မသိဘူး”ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသဖြင့် ဒဏ်ရာသည့် မြို့ခံကို မြိတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ အခြားတစ်ဦးက […]

ရေခမ်းချောင်းတွင် စစ်အာဏာရှင်တပ်က လူသတ်ပြီး ချောင်းထဲစွန့်ပစ်ဟု မျက်မြင်များဆို

Dawei Watch

September 3, 2026

တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများက လူနှစ်ဦးကိုသတ်ပြီး အလောင်းများကို ချောင်းထဲပစ်ချခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် ဇဝဲကျေးရွာမှ စစ်အာဏာရှင်တပ်သားများသည် ဆင်ဒင်ရွာချောင်းထဲကို အလောင်းနှစ်လောင်း လာရောက်ပစ်ချခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။ “လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ ခေါင်းတွေကို အိတ်အမည်းနဲ့ စွတ်ထားတယ်။ နှစ်ယောက်လုံးကို ချောင်းထဲပစ်ချလိုက်တယ်။ ရေကြီးနေတော့ အလောင်းက ဘယ်မှာသွားပေါ်မယ် မသိဘူး” ဟု အထက်ပါ မျက်မြင်ဒေသခံက ပြောသည်။ ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများသည် ဩဂုတ်လ ၃၁ ရက် ညနေ ၄ နာရီတွင် ရေခမ်းချောင်းရွာသားတစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီး တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။ […]

တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးမည်

Dawei Watch

September 2, 2026

တနင်္သာရီမြစ်တစ်လျှောက်က ကျေးရွာတွေမှာ ဒေသခံထောင်ချီ ရေဘေးသင့်နေပြီး ကူညီထောက်ပံ့သူတွေ မရောက်နိုင်ဘဲ အခက်အခဲကြုံနေရပါတယ်။

စစ်အာဏာရှင် စစ်ကြောင်းက ရေခမ်းချောင်းရွာသားနှစ်ဦးကို ဖမ်းဆီး

Dawei Watch

September 1, 2026

“ရွာထဲကနေ ပြန်ထွက်သွားပြီထင်ပြီး ရွာထဲကို ပြန်ဝင်တာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး”