စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားနေသည့် ဖောင်ဆိပ်ရွာကို လေကြောင်းဖြင့် တိုက်ခိုက်
Dawei Watch
May 11, 2026ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှ တနင်္သာရီမြို့သွားရာ လမ်းပိုင်းရှိ ဖောင်ဆိပ်ရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ မေလ ၁၀ ရက် နံနက် ၁၁ နာရီတွင် ဖောင်ဆိပ်ရွာရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေကို လာကြဲသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။ တစ်စီးပဲ တက်လာတာ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဖောင်ဆိပ်ရွာ ဝန်းကျင်တွင် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အာဏာရှင်ဘက်က စစ်ကူအင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ […]


