ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် မောတောင်လမ်းတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

February 11, 2026

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အရင်လာတဲ့ စစ်ကောင်စီတပ်သားတွေက သိန်ခွန်းဘက်ကနေ တိုးတက်လာတယ်။ နောက်ရောက်လာတဲ့ သူတွေက ချောင်းနှစ်ပေါက်ရွာကြားကို ရောက်လာတယ်။ အဲဒီနေရာတွေမှာ နှစ်ရက်လုံးပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ကြမ်းတယ်” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ ၅ရက်တွင် မြိတ်မြို့မှတစ်ဆင့် စစ်အာဏာရှင်တပ်သည် သိန်ခွန်းရွာရှိ စစ်အာဏာတပ်သားများထံသို့ ကား ခြောက်စီးဖြင့် ရိက္ခာအပါအဝင် အင်အား ၆၀ ခန့်ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ပြောဆိုသည်။ […]

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် နှစ်ပတ်အတွင်း တတိယအကြိမ်မီးရှို့

Dawei Watch

February 10, 2026

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများ သီတင်းပတ် နှစ်ပတ်အတွင်း တတိယအကြိမ် မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ည ၇နာရီခန့်က ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများက တတိယအကြိမ် မီးရှို့ရာ နေအိမ်လေးဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မီးခိုးတွေ တက်နေတာတွေ့နေရတယ်။ အိမ်လေးဆောင် လောင်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ရှပ်ပုံရွာသည် ပုလောမြို့၏ ချောင်းတစ်ဖက်တွင် တည်ရှိပြီး ရှပ်ပုံရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့ခြင်းဖြစ်ကြောင်းကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ရှပ်ပုံရွာရှိ နေအိမ်များကို မီးရှို့ရာ နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးပြီး […]

ကမ်းဇော်စေ့ ဈေးကျနေပြီး တစ်ပြည် ကျပ်ခြောက်သောင်းခန့်သာရ

Dawei Watch

February 9, 2026

မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်‌စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယခုနှစ်တွင် ကမ်းဇော်ပင်က အသီးသီးချိန်စောသလို အထွက်လည်းများသဖြင့် ဈေးကျနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ်း‌ဇော်စေ့တစ်ပြည်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ခြောက်သောင်းဝန်းကျင်သာ ဈေးရှိတော့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ “ရှေ့နှစ်တွေကဆို အပင်မှာ အသီးမကပ်ဘူး။၂ နှစ်ဆက်တိုက် ကမ်းဇော်စေ့ မကြွေဘဲ ဖြစ်သွားတာ ဒီတော့ဈေးတွေက တအားထိုးတက်သွားတာပေါ့။အခုတော့ အသီးကလည်း ကပ်မှကပ် ကြွေချိန်လည်းစောတယ်”ဟု မြိတ်မြို့နယ်နေ ကမ်းစော်စေ့ရောင်းဝယ်နေသည့် မြို့ခံတစ်ဦးက ပြောသည်။ ကမ်းဇော်ပင်၏ သဘောသဘာဝအရ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်က အသီးမသီးခဲ့ကြောင်း ကမ်းဇော်ပင်စိုက်ပျိုးထားသည့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။ […]

မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးထပ်တက်

Dawei Watch

February 9, 2026

မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ကျပ်လေးသောင်း ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံမှ သိရသည်။ ယခင်က သုံးသောင်းကျပ် ကောက်ခံနေရာမှ လေးသောင်းကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မီးသင်္ဂြိုဟ်စရိတ် ကျပ်နှစ်သောင်းခွဲ စျေးရှိခဲ့ပြီး ယင်းမတိုင်မီက ကျပ်နှစ်သောင်းသာ ရှိခဲ့ကြောင်း မြို့ခံများ နှင့် အထက်ပါအသင်းထံမှ သိရသည်။ မီးသင်္ဂြိုဟ်နာရေးအသင်းက မီးသင်္ဂြိုဟ်ကိစ္စကို စီမံရပြီး ရရှိသည့် ငွေကြေးများကို မီးသင်္ဂြိုဟ်စက်၊ အလုပ်သမားခ နှင့် မီးသင်္ဂြိုဟ်ရန် ထင်းအတွက် အသုံးပြုကြောင်း ယင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည် ။ “ထင်းက တအားရှာရတယ် ။ လှူပေးတာမျိုးရှိရင်လည်း သစ်ပင်ပဲလှူပေးတယ် ။ သွားခုတ်ပြီးသယ်တဲ့စရိတ် ၊ အလုပ်သမားခတွေ ထပ်ပေးရတယ် ။ ပြီးတော့ […]

စစ်အာဏာရှင်တပ်က မင်းပြင်ရွာကို ဒရုန်းဖြင့် ဗုံးချသဖြင့် ဒေသခံတစ်ဦးသေဆုံး

Dawei Watch

February 6, 2026

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် ‌ဒေသခံအမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ရက် နံနက် ၈နာရီခွဲတွင် မင်းပြင်ရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ နေအိမ်တစ်‌ဆောင်ကို ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နေအိမ်ကို ဒရုန်းဖြင့် ဗုံးချစဥ် ပထမအကြိမ်တွင် ဗုံးပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ ဒုတိယအကြိမ်တွင်မူ ဗုံးမပေါက်ကွဲကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ ဒဏ်ရာရရှိသည့်အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ “ဘုန်းကြီးကျောင်းဝင်တဲ့ လမ်းမှာအိမ်တွေရှိတယ်။ အိမ်‌ပေါ်ကို နှစ်ခါချတယ်။ တစ်ကြိမ် ကွဲတယ်။ မျက်လုံးရော၊ ခြေတွေရော ထိသွားလို့ ဆေးရုံကိုသွားပို့ပေးတာ ၁၀ […]

တနင်္သာရီ ရမ်းဖိုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်

Dawei Watch

February 6, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀နာရီခန့်တွင် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချကြောင်း ၎င်းတို့က ပြောသည်။ ခမရ ၅၅၆ ဘက်က ဒရုန်းတက်လာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်နှစ်ဆောင်သည် ခြံတစ်ခုတည်းတွင်ရှိပြီး အိမ်ဆောက်ရန်အတွက် စုထားသည့် သစ်ခွဲသားတစ်တန်ကျော်လည်း မီးလောင်ဆုံးရှုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်က ပျဥ်ခင်း၊ ဓနိမိုး၊ ထရံကာ၊ အိမ်နှစ်ဆောင်လုံး မီးလောင်ပြာကျသွားတယ်။ အိမ်မှာက လူမနေတာကြာပြီ၊ စစ်ရှောင်နေကြတယ်။ ရွာသားတွေအကုန် စစ်ရှောင်နေကြရတယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် […]

မြိတ် တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

February 6, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၄ ရက် ည ၉ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၅ရက် နံနက် ၇နာရီခန့်တွင်လည်း တောင်ပုရွာနှင့် ခုံမော်ရွာကြား တံတားအနီးသို့ လမ်းကင်းထွက်လာသည့် စစ်အာဏာရှင် တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း ပစ်ခတ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံတွေ တအားပဲကြားနေရတယ်။ (ဖေဖော်ဝါရီ ၅) နေ့ဘက် ပစ်နေကြတယ်။ လက်နက်ကြီးနဲ့ သေနတ်သံတွေကို ကြေးနန်းတိုင်တံတားကနေတောင် ကြားနေရတယ်” ဟု ကြေးနန်းတိုင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ […]

ထားဝယ်မြစ်အတွင်း ခရီးသည်တင်ရေယာဉ် ပစ်ခတ်ခံရပြီးနောက် မြိတ်-ထားဝယ် ပြေးဆွဲခွင့်ပိတ်

Dawei Watch

February 5, 2026

သရက်ချောင်းမြို့နယ် ပင်လယ်ထွက်ဝအနီး ထားဝယ်မြစ်အတွင်း မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ် စပိဘုတ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် စစ်ကော်မရှင်က အမြန်ရေယာဉ်ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံအချို့နှင့် အမြန်ရေယာဉ်လုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် လဘကျေးရွာအုပ်စု ဆင်ကျန်းရွာနှင့် ကျွဲစပ်ကြား ပင်လယ်ထွက်ဝမှ ထားဝယ်မြစ်အတိုင်း မောင်းနှင်လာသည့် အမြန်ရေယာဉ်တစ်စီးပစ်ခတ်ခံခဲ့ရပြီး ပဲ့နင်းနှင့် ခရီးသည်သုံးဦးဒဏ်ရာရှိခဲ့သည်။ အထက်ပါဖြစ်စဉ်ဖြစ်ပြီးနောက် ဆိပ်ကမ်းအာဏာပိုင်ရုံးက ခရီးသွားပြည်သူများ၏ လုံခြုံရေးအခြေအနေအရ မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များကို ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း အမြန်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ကျွန်တော်တို့မှာလည်း ထားဝယ်သွားမယ့် ခရီးသည်တွေရှိနေတာဆိုတော့ ဆိပ်ကမ်းက တာဝန်ရှိသူတွေကို သွားညှိကြည့်သေးတယ်၊ မရဘူး။ စာထုတ်တားမြစ်တာမျိုးမဟုတ်ဘူး။ ဒေသန္တရအမိန့်နဲ့ ပြေးဆွဲခွင့်ပိတ်တာလို့ပြောတယ်” ဟု အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။ ပြေးဆွဲခွင့်ကို ယာယီပိတ်မည်ဟုသာ သိရပြီး မည်သည့်နေ့ရက်တွင် ပြန်လည်ခွင့်ပြုပေးမည်ကို […]