မောတောင်ကို စစ်အာဏာရှင်တပ် ဗုံးကြဲမှု မိသားစုဝင်သုံးဦးဒဏ်ရာရပြီး နေအိမ်တစ်ဆောင်မီးလောင်
Dawei Watch
May 5, 2026ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နေအိမ်တစ်ဆောင် မီးလောင်ပြီး မိသားစုဝင် သုံးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂ရက် မွန်းလွဲ ၂နာရီတွင် စစ်အာဏာရှင်တပ်က လေယာဥ်နှစ်စီးဖြင့် မောတောင်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးနှင့် နှစ်လသားအရွယ် ကလေးတို့ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ကလေးငယ်တွင် ခြေထောက်နှင့် ဦးခေါင်းတွင် ဗုံးစထိမှန်ဒဏ်ရာရပြီး ဖခင်ဖြစ်သူတွင် ခြေနှင့် မျက်ခုံးတို့၌ ဒဏ်ရာရကာ မိခင်ဖြစ်သူတွင် ခန္ဓာကိုယ်အနှံ ပွန်းပဲ့ဒဏ်ရာများရကြောင်း ၎င်းက ပြောဆိုသည်။ “ထိုင်းဘက်က ဆေးရုံမှာ တင်ထားတယ်။ တစ်မိသားစုလုံးထိပြီး အိမ်ရော မီးလောင်သွားတယ်။ ကာစီနိုရုံလည်းထိပြီး ဘေးနားက အိမ်တွေလည်း အပေါက်တွေဖြစ်ကုန်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ မောတောင်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို […]


