တုံးဗျောရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းရောက်ပြီးနောက် စစ်ရှောင်များကို နေရာရွှေ့ခိုင်း
Dawei Watch
April 21, 2026မြိတ်မြို့နယ်၊ တုံးဗျောကြီး တုံးဗျောငယ်ကျေးရွာတို့ကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်လာပြီးနောက် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဥယျာဉ်ခြံထဲသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့က ကားလေးစီးဖြင့် လာသည့် စစ်အာဏာရှင်တပ်သည် ဧပြီလ ၁၉ရက် နံနက်ပိုင်းတွင် တုံးဗျောကြီး၊ တုံးဗျောငယ် ကျေးရွာများသို့ ရောက်ရှိလာပြီးနောက် နောက်တစ်ရက် ဧပြီလ ၂၀ရက်တွင် တုံးဗျောကြီးရွာဟောင်းကျေးရွာဘက်သို့ စစ်ကြောင်း စထိုးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဥယျာဉ်ခြံထဲတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များကို နယ်မြေရှင်းလင်းရန်ဟုဆိုကာ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ပြောဆိုသည်။ “ခြံထဲမှာ စစ်ရှောင်နေတဲ့ သူတွေကို ဝင်ခွင့်မပြုဘူး။ နယ်မြေရှင်းဖို့ ပြောနေတယ်။ ဥယျာဥ်လုပ်နေသူတွေလည်း ပေးမဝင်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဧပြီလ ၂၁ရက်တွင် ဥယျာဥ်ခြံများတွင် […]


