ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ခြောက်မိုင်ရွာတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံး

April 16, 2026

ပုံစာ - မြိတ်ခရိုင်တပ်ရင်း (၃) ၏ တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း) ဓာတ်ပုံ - မြိတ်ခရိုင်တပ်ရင်း (၃)

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာအနီးတပ်စွဲထားသည် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင်တပ်ရင်း (၃) ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

အဆိုပါ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို မြိတ်ခရိုင်တပ်ရင်း (၂) ၊ မြိတ်ခရိုင်တပ်ရင်း (၃) နှင့် ပူးပေါင်းအဖွဲ့က ဧပြီလ ၁၁ရက် မွန်းလွဲ ၂နာရီခွဲတွင်သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ သွားရောက်တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ဖော်ပြသည်။

“ရန်သူဘက်က လက်ဦးသွားပြီး သေနတ်စပေါက်တာနဲ့ သူကလဲကျနေပြီ။ အနီးကပ် ဖြစ်သွားတယ်။ (တိုက်) ပွဲလည်း အနီးကပ်ဖြစ်ကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် မွန်းလွဲ ၃နာရီကျော်တွင် ခြောက်မိုင်ရွာမှ ၅မိုင်ရွာသို့ ပြန်ဆုတ်သည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်ရာ စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးကြောင်း မြိတ်ခရိုင်တပ်ရင်း (၃) ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

၆မိုင်ရွာနှင့် ၅မိုင်ရွာတို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ဒေသခံများသည် အခြေအနေတည်ငြိမ်လျှင် ရွာတွင် ပြန်လည်နေထိုင်ကြပြီး တိုက်ပွဲဖြစ်လျှင် ထွက်ပြေးတိမ်းရှောင်ရလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။