မြိတ်-တနင်္သာရီလမ်းရှိ ကြေးနန်းတိုင်တံတားဂိတ်တွင် စစ်ဆေးမှုတင်းကျပ်၊ ဆိုင်ကယ်များ တွန်း၍သွားရ
Dawei Watch
April 2, 2026မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်ရှိ ကြေးနန်းတိုင်ရွာတံတား စစ်အာဏာရှင်တပ်စစ်ဆေးဂိတ်တွင် စစ်ဆေးမှုများ တင်းကျပ်လာပြီး ဆိုင်ကယ်များကို တွန်း၍သွားလာရကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် တိုက်ပွဲများဖြစ်ပြီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ အသတ်ခံရပြီးနောက် ကြေးနန်းတိုင်ဂိတ်တွင် စစ်ဆေးမှုများ တင်းကျပ်လာကြောင်း ဒေသခံများက ပြောသည်။ ကြေးနန်းတိုင်ရွာသည် ပသောင်းကျေးရွာအုပ်စုတွင်ပါဝင်ပြီး ပသောင်းနှင့် မဇောကျေးရွာအုပ်စုရှိ ကျေးရွာများမှာ တစ်ဆက်တစ်စပ်တည်း တည်ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ မတ်လ ၂၄ရက်မှ ယနေ့ ဧပြီလ ၂ရက်အထိ အဆိုပါဂိတ်တွင် ကားပေါ် လိုက်ပါလာသည့်သူများအား ခြေလျင် ဆင်းလျှောက်ခိုင်းကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဆိုင်ကယ်မောင်းနှင်သူများကိုလည်း ဆိုင်ကယ်ကို တွန်း၍ သွားရပြီး စစ်ဆေးမှုများလည်း တင်းကျပ်လာကြောင်း ၎င်းက ပြောဆိုသည်။ “ဆိုင်ကယ်မောင်းခွင့် မပေးဘူး။ တံတားပေါ်မှာ တွန်းခိုင်းပြီး လူကို လမ်းလျှောက်ခိုင်းနေတယ်။ သူတို့က […]


