ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တကူရွာတွင် ဓာတ်ဆီတစ်လီတာ တစ်သောင်းခွဲအထိဖြစ်လာ၊ ဆီရှာရခက်သဖြင့် ခြံလုပ်ငန်းအခက်တွေ့

Dawei Watch

March 19, 2026

တနင်္သာရီမြို့နယ်၊ တကူရွာတွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲဖြစ်လာသည့်အပြင် ဝယ်ယူရလည်း ခက်ခဲသဖြင့် ဒေသခံများ အလုပ်လုပ်ကိုင်ရန် အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၇ရက်မှစတင်ကာ မြိတ်မြို့မှ ဆီဘောက်ဆာကားများ မလာတော့သောကြောင့် မြို့ပေါ်သို့ သွားရောက်ကာ သယ်ဆောင်နေရသဖြင့် တကူရွာတွင် စက်သုံးဆီစျေးတက်ပြီး ဝယ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။ တကူရွာတွင် ဓာတ်ဆီကို တန်းစီဝယ်ယူနေရာပြီး သုံးရက်၊ လေးရက်ခန့်ကြာမှသာ တစ်ကြိမ် ဝယ်ယူရရှိသည့်အပြင် တစ်ကြိမ်ဝယ်ယူလျှင်လည်း တစ်လီတာသာရရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အလုအယက်ပေါ့။ (ဆီဆိုင်တွေမှာ) သူတို့ရှိတဲ့ ရက်ကျ ရောင်းပေးတယ်။ အမြဲတမ်းတော့ မရဘူး။ တစ်ခါသွားတန်းစီပြီး ရလာလည်း တစ်ဘူးပဲ” ဟု ၎င်းက ပြောသည်။ မတ်လအစပိုင်းတွင် တကူရွာ၌ ဓာတ်ဆီတစ်လီတာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာမှ လက်ရှိတွင် […]

စစ်အာဏာရှင်တပ်က တကူနှင့် ပဝကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

Dawei Watch

March 18, 2026

တနင်္သာရီမြို့နယ်၊တကူနှင့်ပဝကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ (မတ် ၁၈) နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဇဝဲကျေးရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ တကူကျေးရွာအုပ်စုရှိ အလယ်ပိုင်းရွာနှင့် ရွာမရွာကို ကာမီကာဇေဒရုန်း နှစ်စီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အလယ်ပိုင်းရွာတွင်ကျသည့် ဒရုန်းမှာပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိကြောင်းနှင့် ရွာမရွာတွင်ကျသည့် ဒရုန်းမှာ မပေါက်ကွဲကြောင်း ၄င်းက ဆိုသည်။ “ထိခိုက်မှုမရှိဘူး။ဒရုန်းတွေက ရက်ဆက်ဆိုသလို တက်နေတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ ပဝကျေးရွာအုပ်စုကိုလည်း ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကာမီကာဇေဒရုန်းတစ်စီးဖြင့် တိုက်ခိုက်ခဲ့ပြီး ပဝကျေးရွာအုပ်စုရှိ ပိန်းတောရွာမှ က‌လေးတစ်ဦး ပွန်းပဲ့ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက […]

တနင်္သာရီမြို့ကို စစ်ကူလာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ

Dawei Watch

March 18, 2026

မြိတ်မြို့မှ တနင်္သာရီမြို့သို့ စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ‌တော်လှန်ရေးတပ်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ (မတ် ၁၈) နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မြိတ်မှတက်လာသည့် စစ်အာဏာရှင်ကားနှစ်စီးကို ကမ်းတိုရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ဆိုသည်။ “မိုင်းဆွဲတိုက်ခိုက်ပြီး သေနတ်ငယ်တွေနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်။မော်တုန်းရွာ အဖြတ်မှာ ခေါင်းတောင် မဖော်နိုင်ဘူး။ ထိတာများနိုင်တယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တနင်္သာရီမှ မြိတ်သို့ ပြန်ဆင်းသည့် စစ်အာဏာရှင်တပ်၏ ကားသုံးစီးကိုလည်း ကမ်းတိုရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အထိခိုက်များတယ်။အဆင်းမှာက ပိုထိတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ […]

တနင်္သာရီမြို့တွင် တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများ မြို့တွင် ပူဇော်ပြသထားမည်

Dawei Watch

March 18, 2026

တနင်္သာရီမြို့ ၊ ချောင်းကြီးရပ်ကွက် ၊ သာသနဝုဍ္ဎီပါလကျောင်းတိုက်အတွင်း တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို ကျောင်းတိုက်တွင် ဆက်လက် ပူဇော်ပြသထားရှိမည်ဖြစ်ကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများ၊ မြို့ခံများထံမှ သိရသည်။ မတ်လ ၈ ရက်က ကျောင်းတိုက်ပရဝုဏ်အတွင်း ရေကန်တူးရန် မြေတူးရာမှ အနက် သုံးပေခန့်တူးဖော်ပြီးနောက် ကျောက်ဖျာ တစ်ချပ်အောက်တွင် စဥ့်အိုးတစ်လုံးဖြင့် ထည့်ထားသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို တူးဖော်ရရှိခြင်းဖြစ်သည်။ အဆိုပါ စဥ့်အိုးထဲတွင် သစ်သားဘုရားဆင်းတုတော် တစ်ဆူ၊ ငွေထည်ဘုရား ၃၉ ဆူ ၊ သတ္တုစပ် လောဟာ (ကြေး၊ ရွှေ စသဖြင့် အရောအစပ်) ဘုရားဆင်းတု ၁၁ ဆူ စုစုပေါင်း ဘုရားဆင်းတု ၅၁ ဆူ နှင့် ခဲဒင်္ဂါးပြား ခုနစ် ချပ် […]

မြိတ်-ကျွန်းစုသွား အမြန်ရေယာဉ်ပေါ် လူငယ် ၃၀ခန့်ကို စစ်အာဏာရှင်တပ်ဖမ်းဆီးပြီး ကျပ်သိန်းဆယ်ချီဖြင့်ပြန်ရွေးခိုင်း

Dawei Watch

March 18, 2026

မြိတ်မြို့မှ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများကို ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသား ၃၀ ဦးခန့်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး တစ်ဦးစီအတွက် ကျပ်သိန်းဆယ်ချီ တောင်းခံနေကြောင်း ကာယကံရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မတ်လ ၁၆ ရက်တွင် ကျွန်းစုဘက်မှ မြိတ်မြို့သို့လာသည့် ခရီးသည်တင် ၉၉၉ အမြန်ရေယာဥ်သည် မြိတ်မြို့ ရွှေသာလျောင်းအနီးရှိ စစ်သင်္ဘောတွင် လက်မှတ်ဝင်ထိုးစဥ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းခေါ်သွားတဲ့ အရေအတွက်က တော်တော်များတယ်။ ကံမော်ရွာခံရော၊ မြိတ်က သားငယ် (လူငယ်) တွေရော ပါတယ်။ မိသားစု‌ဝင်တွေလိုက် စုံစမ်းတာတော့ ငွေပေးရင် ပြန်လွှတ်ပေးမယ့် အခြေအနေရှိနေတယ်။အဆင်မပြေတဲ့ မိသားစုတွေလည်း ရှိတော့ ဘယ်လိုဆက်ဖြစ်မယ် မသိရသေးဘူး” ဟု ကျွန်းစုမြို့နယ်၊ ကံမော်ရွာခံတစ်ဦးက ပြောသည်။ […]

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တကူရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

March 16, 2026

တနင်္သာရီမြို့နယ်၊ တကူရွာဘုန်းကြီးကျောင်းကို ဇဝဲကျေးရွာရှိ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၆ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တကူရွာဘုန်းကြီးကျောင်းကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဆရာတော်ကျောင်းအနောက်ကို ကျသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဘုန်းကြီးကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် ဒရုန်းအပျက်အစီးများကို တွေ့ရပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကာမီကာဇေ ဒရုန်းနှစ်စီးတက်လာနေသည်ကို တွေ့မြင်နေရပြီး တစ်စီးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ပြီး ကျန်တစ်စီးမှာမူ မည်သည့်နေရာသို့ ကျရောက်ခဲ့သည် မသိရသေးကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။ ဒရုန်း ပထမတစ်စီး တက်လာစဉ် မြင်တွေ့သူများက အော်ဟစ်ပြောဆို သတိပေးသဖြင့် ဒေသခံများ […]

မြိတ်ရှိ ဆီဆိုင်ကြီးများ၌ ဝယ်ယူရခက်သဖြင့် ကုန်စုံဆိုင်များတွင် စက်သုံးဆီ စျေးကြီးပေးဝယ်နေရ

Dawei Watch

March 15, 2026

မြိတ်မြို့ ဆီဆိုင်ကြီးများတွင် စက်သုံးဆီဝယ်ယူရာ၌ စုံ၊မ ခွဲခြားသည့်စနစ်ဖြင့် ရောင်းချနေသည့်အပြင် အချိန်ကြာမြင့်စွာတန်းစီဝယ်ယူနေရသဖြင့် ကုန်စုံဆိုင်များတွင် စျေးကြီးပေးဝယ်သုံးနေရကြောင်း မြို့ခံများထံမှ သိရသည်။ မတ်လ ၁၀ ရက်နေ့ကစပြီး စုံ၊မခွဲခြားသည့်စနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး တန်းစီရချိန်ကြာမြင့်သည့်အတွက် ရပ်ကွက်အတွင်း ကုန်စုံဆိုင်များတွင် သွားရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်း မြိတ်မြို့ မြိတ်တောင်ရပ်နေ မြို့ခံတစ်ဦးကဆိုသည်။ “တန်းစီးရတာက အချိန်တအားကုန်တယ်။ကိုယ့်အလှည့်ကျဖို့ စောင့်ရတာရယ် စုံနေ့ မနေ့ ခွဲနေတာတွေရယ် စိတ်ရှုပ်တာလည်းပါတယ်။အလုပ်ကလည်းတစ်ဖက်ဆိုတော့ စိတ်ရှုပ်မခံချင်တာပါ။အိမ်‌ဆိုင်တွေများဆို ကိုယ်အားတဲ့အချိန် သွားထည့်ထားရုံပဲ” ဟု ၎င်းကပြောသည်။ လက်ရှိတွင် မြိတ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် 95 အမျိုးအစားဓာတ်ဆီ တစ်လီတာလျှင် ၃၇၀၀ ကျပ် ဝန်းကျင်ရှိပြီး နေအိမ်ကုန်စုံဆိုင်များတွင် တစ်လီတာ ကျပ် ၆၀၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ စက်သုံးဆီဆိုင်များထက် ဈေးများသော်လည်း တန်းမစီလိုသည့် […]

ပုလောအနီး စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

Dawei Watch

March 14, 2026

ပုလောမြို့အနီး တောင်ယာကမ်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ (မတ် ၁၄) နံနက် ၈ နာရီ ၃၀ မိနစ်တွင် တောင်ယာကမ်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်ယာကမ်းရွာသည် ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ်တွင် တည်ရှိကာ ပုလောမြို့နှင့် တစ်မိုင်ကျော်ကွာဝေးသည်။ အဆိုပါ စစ်အာဏာရှင်တပ်စခန်းကို မတ်လ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်အာဏာရှင်တပ်သား ၆ ဦး သေဆုံးပြီး ၃၀ ကျော် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စစ်အာဏာရှင်စခန်းကို KNLA တပ်မဟာ ၄ […]