ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်လေတပ်ကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

March 13, 2026

မြိတ်မြို့ရှိ စစ်အာဏာရှင်လေတပ်စခန်းကို တော်လှန်ရေးတပ်များက မတ်လ ၁၂ ရက်ညတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံများထံမှ သိရသည်။ မတ်လ ၁၂ ရက် ည ၈နာရီတွင် တစ်ကြိမ်၊ ယနေ့ မတ်လ ၁၃ ရက် နံနက် ၁နာရီတွင် တစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တစ်ကြိမ်ကို နှစ်လုံးချတယ်။ တစ်လုံးက လေတပ်ထဲကျတယ်။ ကျန်တာတွေက စစ်ဆေးရုံနားကို ကျတယ်။ ညဘက်ဆိုတော့ ထိခိုက်မှု မမြင်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်ဆေးရုံမှာ လေတပ်စခန်း၏ လမ်းတစ်ဖက်တွင် တည်ရှိသည်။ ဗုန်းချတိုက်ခိုက်ခံရချိန် လေတပ်အနီးတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ညဘက် အသံတွေကြားနေရတာ ရင်တွေတုန်တယ်။ ပေါက်ကွဲသံတွေ တော်တော်ကျယ်တယ်။ ညဦးဘက်နဲ့ […]

တနင်္သာရီမြို့တွင် ဓာတ်ဆီတစ်လီတာ ခုနစ်ထောင်အထိမြင့်တက်၊ တစ်ကြိမ်တန်းစီ တစ်လီတာသာရ

Dawei Watch

March 13, 2026

တနင်္သာရီမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ခုနစ်ထောင်ကျပ်အထိ စျေးမြင့်တက်နေကြောင်း မြို့ခံများထံမှသိရသည်။ ဆီစျေးတက်သည့်အပြင် တန်းစီ၍ဝယ်ယူရပြီး ဆိုင်ကယ်တစ်စီးလျှင် တစ်ကြိမ်တန်းစီပါက တစ်လီတာသာ ဝယ်ယူ၍ရကြောင်း ကိုယ်တိုင် တန်းစီဝယ်ယူခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။ “စုံမ စနစ်နဲ့ ရောင်းပေးနေတာတော့ မဟုတ်ဘူး။ ဆိုင်ကယ်ဖြစ်ရင်ရပြီ။ တန်းစီနိုင်မှ ရတယ်။ ဒါတောင် ကံမကောင်းရင် တန်းစီရင်း ဆီကုန်သွားနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဆီစျေးများ စမတက်မီ ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်မီက ဆီတစ်လီတာလျှင် ၂၇၀၀၊ ၂၈၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး ကမ္ဘာ့ရေနံစျေး လှုပ်ခတ်ပြီးနောက် မတ်လ ၃ ရက်တွင် ကျပ် သုံးထောင်၊ လေးထောင် ဝန်းကျင်ဖြစ်လာကြောင်း မြို့ခံများထံမှ သိရသည်။ ယင်းနောက် တစ်လီတာလျှင် ကျပ်ငါးထောင်အထိ ဖြစ်လာပြီး မတ်လ […]

အနိုင်ရ ပြည်သူ့ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ကြံ့ခိုင်ရေးက တိုင်ကြားမှု UEC ကြားနာ

Dawei Watch

March 13, 2026

စစ်အုပ်စုက ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဦးအား ကြံ့ခိုင်ရေးပါတီက ကန့်ကွက်တိုင်ကြားထားသည့်အမှုကို မတ်လ ၉ ရက်ကစပြီး ကြားနာစစ်ဆေးနေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာသည်။ ဦးခိုင်ဦးသည် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီကိုယ်စားပြုကာ မဲအများဆုံးရသူ အကုန်ယူစနစ်ဖြင့် မြိတ်မြို့နယ်တွင် ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဦးခိုင်ဦး အနိုင်ရရှိမှုအပေါ် ပြိုင်ဘက်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးဝင်းကြူက ရွေးကောက်ပွဲ မသမာမှုရှိသည်ဟုဆိုကာ UEC ထံ ကန့်ကွက်တိုင်ကြားထားခြင်းဖြစ်သည်။ ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ထွေးကမူ USDP ကိုယ်စားလှယ်လောင်း၏ ကန့်ကွက်တိုင်ကြားမှုနှင့် ပတ်သက်၍ မတ်လ ၂၃ ရက်တွင် နှစ်ဖက်ကြားနာ စစ်ဆေးခံရမည်ဖြစ်ကြောင်း ပြောဆိုသည်။ “ကိုယ့်ဘက်က ပြန်လည်ဖြေရှင်းမယ်ဆိုတဲ့စာကို သွားတင်ထားတယ်။ […]

မြိတ်၊ တောင်ရှည်ရွာအုပ်စုတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

Dawei Watch

March 13, 2026

မြိတ်မြို့၊ တောင်ရှည်ကျေးရွာအုပ်စု ပျဥ်ချောင်းရွာတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ်လ ၁၀ ရက်နေ့က တောင်ရှည်ရွာမှ ပျဥ်ချောင်းရွာသို့ စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “စစ်ကြောင်းထိုးလာလို့ ကြားဖြတ်တိုက်လိုက်တယ်။ နေ့ဘက်တိုက်ပွဲဖြစ်ကြတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်း စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့်အတူလိုက်ပါလာသည့် အုပ်ချုပ်ရေးမှူးများ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ တက်လက်ငယ်ရွာ ရာအိမ်မှူးမှာ လက်တွင်ဒဏ်ရာရရှိပြီး အင်္ဂမော်ရွာပျူစောထီးခေါင်းဆောင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားကြောင်း ၄င်းကဆိုသည်။ “ရှေ့တန်းအမြဲလိုက်နေရတာ သူတို့ပြောတာတော့ ကင်းစောင့်ရတာလို့ပဲ ပြောတယ်။ စခ(စစ်အာဏာရှင်)ထိခိုက်တာတော့ မသိရဘူး”ဟု အထက်ပါဒေသခံက ပြောသည်။ မတ်လ ၉ ရက်နေ့တွင် မြိတ်မြို့ တပ်တောင်ရွာနှင့် ပလုံးရွာမှ ရွာသားနှစ်ဦး ပစ်သတ်ခံရကြောင်း […]

မဇောတွင် လယ်ဧကသုံးရာခန့်ကို အဓမ္မရောင်းခိုင်း၊ တစ်ဧက သိန်းတစ်ရာခန့်စျေးပေါက်သော်လည်း ၁၅ သိန်းသာပေး

Dawei Watch

March 12, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် မြိတ်မြို့ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်မည်ဟုဆိုကာ လယ်ဧက သုံးရာခန့်ကို အတင်းအဓမ္မဖိအားပေး ရောင်းချခိုင်းနေသဖြင့် လယ်ပိုင်ရှင်များ စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။ မဇောပြင်ကြီးကျေးရွာရှိ မြေဧက သုံးရာခန့်ကို မဖြစ်မနေ ရောင်းချပေးရန် ဖေဖော်ဝါရီလ ၂၇ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ လယ်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူ၍ ဖိအားပေးပြောဆို ခဲ့ကြောင်း မဇောရွာဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါမြေတွင် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းတွင် ပါဝင်သည့် ရေသန့်စက်ရုံနှင့် ရေသိုလှောင်ကန်တည်ဆောက်မည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။ ဒေသခံများ စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့် လယ်မြေများကို စားကျက်မြေဟုဆိုကာ ဖိအားပေး ရောင်းခိုင်းနေခြင်း ဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။ “ရောင်းတဲ့သူတွေလည်း ရှိတယ်။ မရောင်းချင်ပေမယ့် ဖိအားကြောင့် ရောင်းနေရတယ်။ မြေကို မဖြစ်မနေ ရောင်းပေးရမယ်လို့ […]

ဘုတ်ပြင်း၊ ရတနာပုံ-လေညာလမ်းပိုင်းရှိ ဥယျာဉ်ခြံများကို စစ်အာဏာရှင်တပ် ဗုံးကြဲ

Dawei Watch

March 12, 2026

ဘုတ်ပြင်းမြို့နယ် ရတနာပုံ-လေညာလမ်းပိုင်းရှိ ဒေသခံများ၏ ဥယျာဉ်ခြံများကို စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် နေရာသုံးခုကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံက ဆိုသည်။ အဆိုပါလမ်းပိုင်းရှိ ၄ မိုင်နှင့် ၈ မိုင်ကြားနေရာသုံးခုကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ “လာကြဲတဲ့အချိန်ထိ တိုက်ပွဲမဖြစ်ဘူးဗျ။သူတို့စစ်ကြောင်းကတန့်နေပြီ။လက်နက်ကြီးလှမ်းထုတယ် ။ပြီးမှလေယာဉ်နဲ့ လာကြဲသွားတာ။သူတို့က စစ်ကြောင်းကို ရှေ့ကိုထိုးဖောက်သွားချင်တာ မြေပြင်ကတိုးမနိုင်လို့ လေယာဉ်နဲ့ကြဲပြီးမှမြေပြင်ကတက်မယ်ဆိုတဲ့ သဘောပါ”ဟု ၎င်းက ပြောသည်။ ဗုံးကြဲသွားသည့်နေရာများက ဒေသခံများ၏ ဥယျာဉ်ခြံ နေရာများဖြစ်ပြီး ဒေသခံများ၏ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို‌မသိရသေးကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များလည်း ထိခိုက်မှုမရှိကြောင်း အထက်ပါဒုတာဝန်ခံက ဆိုသည်။ မတ်လ ၉ ရက်နေ့ကလည်း […]

မြိတ်က ရွာနှစ်ရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

March 11, 2026

မြိတ်မြို့နယ်၊ တပ်တောင်နှင့် ပလုံးရွာတို့တွင် ဒေသခံနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ တပ်တောင်ရွာက အမျိုးသားတစ်ဦးသည် မတ်လ ၉ရက် နံနက်က နေအိမ်သို့ပြန်လာပြီး ဝက်စာကျွေးနေစဉ် အရပ်ဝတ်ဖြင့် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တပ်တောင်ရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ရွာဝန်းကျင်တွင် ပြောင်းရွေ့နေထိုင်ကြပြီး အကြောင်းကိစ္စရှိမှသာ ရွာသို့ခေတ္တ ပြန်လာလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသည့် တပ်တောင်ရွာသားသည် အသက် ၄၀ ဝန်းကျင်ရှိပြီး မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကိုမူ မသိရသေးကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ “သူ့အိမ်က ဘုန်းကြီးကျောင်းအောက်မှာ (ကျောင်းနံဘေး) နေတယ်။ အခုက အိမ်မှာဝက်စာသွားကျွေးတုန်း ပစ်သတ် ခံရတယ်။ သူပစ်သတ်ခံရပြီး ရဲတွေလာကြည့်တယ်။ […]

ဘုတ်ပြင်း လေညာ-ရတနာပုံလမ်းတွင် တိုက်ပွဲဖြစ်ပြီး လက်နက်များသိမ်းဆည်းရရှိ

Dawei Watch

March 10, 2026

ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင် ၅ မိုင်အနီးကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း KNU၏ ထုတ်ပြန်ချက်နှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ ၉ရက် နံနက် ၁၀နာရီခန့်တွင် မိုင်တိုင် ၅ အနီးတွင် စစ်ကြောင်းထိုးဝင်လာသည့် တိုက်ပွဲဖြစ်ပွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုတ်ပြင်းမြို့နယ် ရတနာပုံရွာ (သတ္တုမိုင်း) ဘက်သို့ မတ်လ ၅ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်လာကြောင်း KNLA တပ်ရင်း ၂၀၃က ရဲဘော်တစ်ဦးက ပြောသည်။ စစ်ကြောင်းထိုးဝင်လာချိန် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်သလို မိုင်းဆွဲတိုက်ခိုက်မှုများလည်း ရှိကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲက စစ်ကြောင်းထိုးလာလို့ ဖြစ်တယ်။ မိုင်းဆွဲတာတွေလည်း ရှိတယ်။ ပစ်ခတ်မှုတွေလည်း ဖြစ်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က […]