တနင်္သာရီမြို့တွင် ဓာတ်ဆီပြတ်နေ၍ဟုဆိုကာ ဆိုင်ကြီးများ အရောင်းပိတ်
Dawei Watch
March 4, 2026တနင်္သာရီမြို့သို့ နေ့စဉ်လာနေသည့် မြိတ်မှ ဆီဘောက်ဆာကားများ မလာသဖြင့် မြို့အတွင်းရှိ လောင်စာဆီအရောင်းဆိုင်ကြီးများ အရောင်းရပ်ထားကြောင်း ဓာတ်ဆီရောင်းနေသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၃ ရက်မှစကာ တနင်္သာရီမြို့တွင် ဓာတ်ဆီဆိုင်ကြီးများ၌ ဝယ်ယူ၍ မရတော့ကြောင်း တနင်္သာရီမြို့မှတစ်ဆင့် ဓာတ်ဆီဝယ်ရောင်းနေသည့် ညောင်ပင်ကွင်းရွာသားတစ်ဦးက ဆိုသည်။ “ဆီဘောက်ဆာတွေ မနေ့ကတည်းက မလာတော့ဘူးလို့ သိရတယ်။ အရင်က ရက်တိုင်းလိုလို လာတယ်။ ဈေးကြီးပေးပြီး ဝယ်လည်း မရတော့ဘူး။ ပြတ်သွားပြီလို့ ပြောတယ်” ဟု အထက်ပါ ရွာသားက ပြောသည်။ ဓာတ်ဆီများကို ရေသန့်ဘူးများဖြင့် လက်လီရောင်းနေသည့် ဆိုင်များတွင်သာ ဝယ်ရတော့ကြောင်းနှင့် ဆီဈေးမှာ တစ်ရက်ခြား ဈေးတက်နေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ဓာတ်ဆီတစ်ဘူး (ရေသန့်ဘူး) ကို ကျပ် ၃၀၀၀ ဝန်းကျင်မှ ယနေ့တွင် […]


