ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီတွင် သီဟိုဠ်စေ့ စျေးမရသဖြင့် တောင်သူများ အခက်တွေ့

Dawei Watch

February 26, 2026

တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ကျေးရွာအချို့တွင် သီဟိုဠ်စေ့ စျေးကောင်းမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သီဟိုဠ်ပင်အဓိက စိုက်ပျိုးသည့် ကျေးရွာများမှ ဒေသခံတောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က စျေးကောင်းရသော်လည်း ယခုနှစ်တွင် စျေးကျနေကြောင်း တောင်သူများထံမှ သိရသည်။ သီဟိုဠ်စေ့ တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်တွင် အနိမ့်ဆုံးစျေး ၆၅၀၀ ကျပ် ပေါက်စျေးရှိသော်လည်း ယခုနှစ်တွင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြားတွင်သာ စျေးရှိကြောင်း ဒေသခံများက ဆိုသည်။ “စျေးကျတော့ စားဝတ်နေ‌ရေးအတွက် ပိုပင်ပန်း (ခက်ခဲ) လာတယ်။ အရင်က ခရုစေ့ (သီဟိုဠ်စေ့) ပေါ်ချိန်ဆို ဝမ်းသာ နေရတယ်။ ကုန်စျေးနှုန်းကတက်ပြီး ဒေသထွက်ကုန်တွေက စျေးကျနေရင် ပိုပင်ပန်းတာပေါ့” ဟု ချောင်းလမုရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။ သီဟိုဠ်စေ့များကို ဝယ်သူများသည် ကျေးရွာများမှတစ်ဆင့် မြိတ်သို့ […]

ပလတွင် ရိတ်သိမ်းပြီးစပါးများကို စစ်အာဏာရှင်တပ်မီးရှို့သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပိုအခက်ကြုံ

Dawei Watch

February 24, 2026

ပုလောမြို့နယ်၊ ပလမြို့ဝန်းကျင်တွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ ဇန်နဝါရီလအစပိုင်းတွင် စစ်အာဏာရှင်တပ်က သင်္ကန်းတောရွာအနီးရှိ လယ်ကွင်းများတွင် ရိတ်သိမ်းပြီးသည့် စပါးကောက်လှိုင်းများကို မီးရှို့ခဲ့သဖြင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ ပို၍ အခက်ကြုံလာကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ထောင်ဂဏန်းရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “အရင်နှစ်တွေက ဆန်အတွက် အဆင်ပြေသေးတယ်။ အခုက ကောက်လိုင်းတွေကို မီးရှို့‌တော့ ဆန်က ပိုလိုအပ်ပေါ့။ အမြဲ (မီး) ရှို့နေတယ်လေ” ဟု အထက်ပါ စစ်ရှောင်နေသူတစ်ဦးက ပြောသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပလမြို့ပေါ်နှင့် ပုလောမြို့နယ်ထဲက ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က မီးရှို့မှုကြောင့် နေအိမ် ၂၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။ စစ်ဘေးရှောင်များသည် […]

မြိတ်တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်း

Dawei Watch

February 23, 2026

မြိတ်မြို့တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်းသွားပြီး တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀ ဝန်းကျင်သာ ဈေးပေါက်နေကြောင်း မုန့်လုပ်သူအချို့နှင့် အုန်းသီးကုန်သည်များထံမှ သိရသည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် ၄,၀၀၀ အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဈေးကျလာခြင်းဖြစ်ကြောင်း အုန်းသီးကုန်သည်အချို့က ဆိုသည်။ လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသပြင်ပသို့ တင်ပို့၍မရတော့သည့်အတွက် ဈေးကျနေခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိတွင် မြိတ်-ထားဝယ် လမ်းပိုင်းနှင့် အနီးဝန်းကျင်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။ “အခု ဈေးကျသွားတာက ဒေသတွင်း ရောင်းအားပဲရှိတာကိုး။ ဘယ်နေရာမှလည်း ပို့မရဘူးလေ။ အထက်ဘက်က အသိကုန်သည်တွေကို မေးကြည့်တော့လည်း သူတို့ဆီမှာလည်း ဒီအတိုင်းပဲ။ […]

မြိတ်တွင် ပျောက်နေသည့် ကလေးငယ် သုံးရက်အကြာတွင် အလောင်းပြန်တွေ့

Dawei Watch

February 21, 2026

မြိတ်မြို့တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းကို ခြောက်တစ်ခင်းရပ်ကွက်၊ ချမ်းမြေ့သာယာဘုန်းကြီးကျောင်းအနီးရှိ ချောင်းတွင်တွေ့ရှိကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းထံမှ သိရသည်။ ခြောက်တစ်ခင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၁နှစ်နှင့် ၈လအရွယ် သမီးငယ်တစ်ဦးသည် ဆော့ကစားနေစဉ် ပျောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပျောက်ဆုံးသွားသည့် ကလေးငယ်သည် အမွှာညီအစ်မ နှစ်ဦးအနက် အကြီးသမီးငယ်ဖြစ်ပြီး ပျောက်ဆုံးပြီးနောက် လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂၀ရက်တွင် ချောင်းတွင် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကလေးငယ်၏ ရုပ်အလောင်းကို မြိတ်မြို့ခံ နာရေးကူညီမှုအသင်းတစ်ခုဖြစ်သည့် ဝဋံသကအသင်းက ရင်ခွဲရုံသို့ ပို့ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “အလောင်းပေါ်နေတယ်ဆိုပြီး ရဲတွေက ဆက်သွယ်ပြီး အကူအညီတောင်းလို့ သွားဆယ်ပြီး ရင်ခွဲရုံပို့ပေးတာပါ။ အကြောင်းစုံကတော့ မသိရဘူး” […]

တနင်္သာရီတွင် တိုက်ပွဲမဖြစ်ဘဲ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်

Dawei Watch

February 21, 2026

တနင်္သာရီမြို့နယ်၊ သာရဖုံရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၀ရက်တွင် စစ်အာဏာရှင်တပ်က သာရဖုံရွာကို ကာမီကာဇေဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းတွေက ရွာထဲကျတယ်။ (လူနဲ့ နေအိမ်အဆောက်အအုံ) ထိခိုက်မှု မရှိဘူး။ တိုက်ပွဲဖြစ်ပွားတာမရှိဘူး” ဟု ၎င်းက ပြောသည်။ ဇဝဲကျေးရွာအခြေစိုက် ၅၅၆တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်သည်။ ယင်းအပြင် ဇဝဲကျေးရွာအုပ်စု ဆန်းသစ်ရွာဘုန်းကြီးကျောင်းတောင်ပေါ်ရှိ စစ်အာဏာရှင်တပ်ကလည်း လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “လက်နက်ကြီးတွေက ရွာထဲမှာလည်း ကျတယ်။ ရွာပြင်မှာလည်း […]

ပုလော ခန္တီအုပ်စုရှိ စစ်စခန်းတစ်ခုကို KNLA နှင့် DNLA တိုက်ခိုက်သိမ်းယူပြီးနောက် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 20, 2026

ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စု၊ တောင်ခေါင်းလောင်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းတစ်ခုကို KNLA အထူးတပ်ဖွဲ့နှင့် DNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၇ရက်တွင် တိုက်ခိုက် ကြခြင်းဖြစ်သည်။ နံနက် ၅ နာရီခွဲခန့်မှစ၍ တိုက်ပွဲစဖြစ်ကာ တိုက်ပွဲကြာချိန် တစ်နာရီ ခန့်ကြာမြင့်ခဲ့ကာ သိမ်းဆည်းနိုင်ခဲ့ပြီးနောက် လေကြောင်းဖြင့် တိုက်ခိုက်သော်လည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က သုံးဦးသေဆုံးကာ စခန်းစွန့်ပြေးသဖြင့် တာဝေးဗုံးသီး ဆယ်လုံးအပါအဝင် စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံနှင့်တကွ အထက်ပါအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ စစ်အာဏာရှင်တပ်ဘက်ကလည်း တိုက်ပွဲပြီးနောက် ဂျက်ဖိုက်တာဖြင့် […]

ပုလော၊ သင်္ကန်းတောရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 18, 2026

ပုလောမြို့နယ်၊ ပလမြို့၊ သင်္ကန်းတောရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့်‌ တော်လှန်ရေးတပ်များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၈ရက် ၁၀နာရီဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃နာရီခွဲတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သင်္ကန်းတောကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ပွိုင့်ဖိုက်နဲ့ပါ ပစ်သွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောသည်။ တိုက်ပွဲမှာ ညနေ ၄ နာရီဝန်းကျင်အထိဖြစ်ပွားကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ဗုံးတစ်ကြိမ်ကြဲပြီး ပြန်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ ပလမြို့ဝန်းကျင်နှင့် မင်းပြင်ရွာတို့ဘက်သို့ […]

စစ်အာဏာရှင်တပ်က ကွမ်းသီးခြောက်တင်လာသည့် ကားနှစ်စီးကို ဖမ်းဆီးလိုက်၍ ကွမ်းသီးဝယ်သူနည်းလာ

Dawei Watch

February 18, 2026

ကွမ်းသီးခြောက်တင်ဆောင်သွားသည့် ကားနှစ်စီးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာတွင် ကွမ်းသီးခြောက်အဝယ်နည်းလာကာ စျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များကို မြိတ်မြို့သို့ ပို့ဆောင်ရန် တင်ဆောင်လာသည့် ကားနှစ်စီးကို ကြေးနန်းတိုင်တံတားဂိတ်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးခံရပြီးနောက် ဇဝဲကျေးရွာအုပ်စုရှိ ရွာသုံးရွာတွင် ဝယ်ယူသူနည်းပါးသွားကာ စျေးနှုန်းလည်း ကျဆင်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဇဝဲကျေးရွာအုပ်စုရှိ ဆန်းသစ်ရွာ၊ ဆင်ဒင်ရွာနှင့် ဇဝဲရွာတို့တွင် ကွမ်းသီးခြောက် ဝယ်ယူသူ နည်းပါးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ “ကွမ်းသီးတွေကို ကားသမားတွေကလည်း တင်ဆောင်ဖို့ မရဲတရဲ ဖြစ်နေကြတယ်။ ဖမ်းခံရတဲ့ကားကလည်း တကူဘက်က ကွမ်းသီးတွေ တင်လာတာမို့လို့ ဖမ်းတယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက […]