ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် ငါးကြိမ်ဆက်တိုက် မီးရှို့

Dawei Watch

February 12, 2026

ပုလောမြို့၏ တစ်ဖက်ကမ်းရှိ ရှပ်ပုံကျေးရွာကို စစ်အာဏာရှင်တပ်က နှစ်ပတ်အတွင်း ငါးကြိမ်ဆက်တိုက် မီးရှို့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ မရှိသည့် ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၉ရက် ညနှင့် ဖေဖော်ဝါရီလ ၁၁ ရက်ညတို့တွင် ထပ်မံမီးရှို့ကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၉ရက်ညက ကျေးရွာအတွင်းပိုင်းကို မီးရှို့ခဲ့ပြီး နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “ရွာမှာ စစ်သားတွေ တပ်စွဲထားတော့ ဘယ်လောက်လောင်သွားလည်း သွားကြည့်လို့ မရသေးဘူး။ မီးလုံးက တော်တော်ကြီး တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ရက် ညတွင်လည်း ရွာတောင်ပိုင်းရှိ စာသင်ကျောင်းအနီးဝန်းကျင်ကို မီးရှို့ရာ နေအိမ် သုံးဆောင် မီးလောင်ပျက်စီးသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]

တနင်္သာရီ ပန်းတောမော်ရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ‌အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

February 12, 2026

တနင်္သာရီမြို့နယ်၊ သာရဖုံကျေးရွာအုပ်စု၊ ပန်းတောမော်ရွာကို စစ်အာဏာရှင်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ပန်းတောမော်ရွာက ဒေသခံအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ‌‌ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက် ‌နံနက် ၁၁နာရီဝန်းကျင်တွင် ကျွန်းစုမြို့နယ်၊ သပြေပင်ရွာရှိ စစ်အာဏာရှင်စစ်ကြောင်းက ပန်းတောမော်ရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသွားသည့် အမျိုးသမီးကြီးမှာ အသက် ၆၀ ဝန်းကျင်ဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ရော်ဘာခြံအတွင်း တဲအနီးကို ကျပြီး မိန်းမကြီးတစ်ယောက် ထိသွားတယ်။ မြိတ်ဆေးရုံကို လှေနဲ့ပို့လိုက်တယ်။ စိုးရိမ်ရတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သားများသည် သပြေပင်ရွာကို စစ်ကြောင်းထိုးရောက်ရှိလာပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၁ရက်တွင် ပန်းတောမော်ရွာကို ဒရုန်းဗုံးချခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် […]

ပုလော သရက်တပင်ရွာက အရပ်သားတစ်ဦးကို KNLA တပ်ရင်း (၁၂) အောက်ရှိ တပ်ခွဲတစ်ခုက ဖမ်းဆီးသတ်ဖြတ်

Dawei Watch

February 11, 2026

ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာက အရပ်သားတစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) ၊ တပ်ခွဲ (၃) ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ထိုးကြီးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်က နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုကြောင့် သရက်တပင် ရွာသား အသက် ၅၂ နှစ်အရွယ် ဦးဇော်သိန်း (ခေါ်) ဦးစစ်စစ် ကို KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူနှင့် ဒေသခံအချို့က ဆိုသည်။ ဆင်ထိုးကြီးကျေးရွာက ဒေသခံများသည် ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည်။ ဖေဖော်ဝါရီလ ၂ရက်က ဆင်ထိုးကြီးရွာတွင် မီးလောင်ရာ ဆင်ထိုးကြီးရွာသားများ […]

စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် မောတောင်လမ်းတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

February 11, 2026

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အရင်လာတဲ့ စစ်ကောင်စီတပ်သားတွေက သိန်ခွန်းဘက်ကနေ တိုးတက်လာတယ်။ နောက်ရောက်လာတဲ့ သူတွေက ချောင်းနှစ်ပေါက်ရွာကြားကို ရောက်လာတယ်။ အဲဒီနေရာတွေမှာ နှစ်ရက်လုံးပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ကြမ်းတယ်” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ ၅ရက်တွင် မြိတ်မြို့မှတစ်ဆင့် စစ်အာဏာရှင်တပ်သည် သိန်ခွန်းရွာရှိ စစ်အာဏာတပ်သားများထံသို့ ကား ခြောက်စီးဖြင့် ရိက္ခာအပါအဝင် အင်အား ၆၀ ခန့်ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ပြောဆိုသည်။ […]

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် နှစ်ပတ်အတွင်း တတိယအကြိမ်မီးရှို့

Dawei Watch

February 10, 2026

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများ သီတင်းပတ် နှစ်ပတ်အတွင်း တတိယအကြိမ် မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ည ၇နာရီခန့်က ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများက တတိယအကြိမ် မီးရှို့ရာ နေအိမ်လေးဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မီးခိုးတွေ တက်နေတာတွေ့နေရတယ်။ အိမ်လေးဆောင် လောင်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ရှပ်ပုံရွာသည် ပုလောမြို့၏ ချောင်းတစ်ဖက်တွင် တည်ရှိပြီး ရှပ်ပုံရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့ခြင်းဖြစ်ကြောင်းကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ရှပ်ပုံရွာရှိ နေအိမ်များကို မီးရှို့ရာ နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးပြီး […]

ကမ်းဇော်စေ့ ဈေးကျနေပြီး တစ်ပြည် ကျပ်ခြောက်သောင်းခန့်သာရ

Dawei Watch

February 9, 2026

မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်‌စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယခုနှစ်တွင် ကမ်းဇော်ပင်က အသီးသီးချိန်စောသလို အထွက်လည်းများသဖြင့် ဈေးကျနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ်း‌ဇော်စေ့တစ်ပြည်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ခြောက်သောင်းဝန်းကျင်သာ ဈေးရှိတော့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ “ရှေ့နှစ်တွေကဆို အပင်မှာ အသီးမကပ်ဘူး။၂ နှစ်ဆက်တိုက် ကမ်းဇော်စေ့ မကြွေဘဲ ဖြစ်သွားတာ ဒီတော့ဈေးတွေက တအားထိုးတက်သွားတာပေါ့။အခုတော့ အသီးကလည်း ကပ်မှကပ် ကြွေချိန်လည်းစောတယ်”ဟု မြိတ်မြို့နယ်နေ ကမ်းစော်စေ့ရောင်းဝယ်နေသည့် မြို့ခံတစ်ဦးက ပြောသည်။ ကမ်းဇော်ပင်၏ သဘောသဘာဝအရ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်က အသီးမသီးခဲ့ကြောင်း ကမ်းဇော်ပင်စိုက်ပျိုးထားသည့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။ […]

မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးထပ်တက်

Dawei Watch

February 9, 2026

မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ကျပ်လေးသောင်း ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံမှ သိရသည်။ ယခင်က သုံးသောင်းကျပ် ကောက်ခံနေရာမှ လေးသောင်းကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မီးသင်္ဂြိုဟ်စရိတ် ကျပ်နှစ်သောင်းခွဲ စျေးရှိခဲ့ပြီး ယင်းမတိုင်မီက ကျပ်နှစ်သောင်းသာ ရှိခဲ့ကြောင်း မြို့ခံများ နှင့် အထက်ပါအသင်းထံမှ သိရသည်။ မီးသင်္ဂြိုဟ်နာရေးအသင်းက မီးသင်္ဂြိုဟ်ကိစ္စကို စီမံရပြီး ရရှိသည့် ငွေကြေးများကို မီးသင်္ဂြိုဟ်စက်၊ အလုပ်သမားခ နှင့် မီးသင်္ဂြိုဟ်ရန် ထင်းအတွက် အသုံးပြုကြောင်း ယင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည် ။ “ထင်းက တအားရှာရတယ် ။ လှူပေးတာမျိုးရှိရင်လည်း သစ်ပင်ပဲလှူပေးတယ် ။ သွားခုတ်ပြီးသယ်တဲ့စရိတ် ၊ အလုပ်သမားခတွေ ထပ်ပေးရတယ် ။ ပြီးတော့ […]

စစ်အာဏာရှင်တပ်က မင်းပြင်ရွာကို ဒရုန်းဖြင့် ဗုံးချသဖြင့် ဒေသခံတစ်ဦးသေဆုံး

Dawei Watch

February 6, 2026

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် ‌ဒေသခံအမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ရက် နံနက် ၈နာရီခွဲတွင် မင်းပြင်ရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ နေအိမ်တစ်‌ဆောင်ကို ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နေအိမ်ကို ဒရုန်းဖြင့် ဗုံးချစဥ် ပထမအကြိမ်တွင် ဗုံးပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ ဒုတိယအကြိမ်တွင်မူ ဗုံးမပေါက်ကွဲကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ ဒဏ်ရာရရှိသည့်အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ “ဘုန်းကြီးကျောင်းဝင်တဲ့ လမ်းမှာအိမ်တွေရှိတယ်။ အိမ်‌ပေါ်ကို နှစ်ခါချတယ်။ တစ်ကြိမ် ကွဲတယ်။ မျက်လုံးရော၊ ခြေတွေရော ထိသွားလို့ ဆေးရုံကိုသွားပို့ပေးတာ ၁၀ […]