ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီ ရမ်းဖိုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်

Dawei Watch

February 6, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀နာရီခန့်တွင် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချကြောင်း ၎င်းတို့က ပြောသည်။ ခမရ ၅၅၆ ဘက်က ဒရုန်းတက်လာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်နှစ်ဆောင်သည် ခြံတစ်ခုတည်းတွင်ရှိပြီး အိမ်ဆောက်ရန်အတွက် စုထားသည့် သစ်ခွဲသားတစ်တန်ကျော်လည်း မီးလောင်ဆုံးရှုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်က ပျဥ်ခင်း၊ ဓနိမိုး၊ ထရံကာ၊ အိမ်နှစ်ဆောင်လုံး မီးလောင်ပြာကျသွားတယ်။ အိမ်မှာက လူမနေတာကြာပြီ၊ စစ်ရှောင်နေကြတယ်။ ရွာသားတွေအကုန် စစ်ရှောင်နေကြရတယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် […]

မြိတ် တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

February 6, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၄ ရက် ည ၉ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၅ရက် နံနက် ၇နာရီခန့်တွင်လည်း တောင်ပုရွာနှင့် ခုံမော်ရွာကြား တံတားအနီးသို့ လမ်းကင်းထွက်လာသည့် စစ်အာဏာရှင် တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း ပစ်ခတ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံတွေ တအားပဲကြားနေရတယ်။ (ဖေဖော်ဝါရီ ၅) နေ့ဘက် ပစ်နေကြတယ်။ လက်နက်ကြီးနဲ့ သေနတ်သံတွေကို ကြေးနန်းတိုင်တံတားကနေတောင် ကြားနေရတယ်” ဟု ကြေးနန်းတိုင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ […]

ထားဝယ်မြစ်အတွင်း ခရီးသည်တင်ရေယာဉ် ပစ်ခတ်ခံရပြီးနောက် မြိတ်-ထားဝယ် ပြေးဆွဲခွင့်ပိတ်

Dawei Watch

February 5, 2026

သရက်ချောင်းမြို့နယ် ပင်လယ်ထွက်ဝအနီး ထားဝယ်မြစ်အတွင်း မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ် စပိဘုတ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် စစ်ကော်မရှင်က အမြန်ရေယာဉ်ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံအချို့နှင့် အမြန်ရေယာဉ်လုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် လဘကျေးရွာအုပ်စု ဆင်ကျန်းရွာနှင့် ကျွဲစပ်ကြား ပင်လယ်ထွက်ဝမှ ထားဝယ်မြစ်အတိုင်း မောင်းနှင်လာသည့် အမြန်ရေယာဉ်တစ်စီးပစ်ခတ်ခံခဲ့ရပြီး ပဲ့နင်းနှင့် ခရီးသည်သုံးဦးဒဏ်ရာရှိခဲ့သည်။ အထက်ပါဖြစ်စဉ်ဖြစ်ပြီးနောက် ဆိပ်ကမ်းအာဏာပိုင်ရုံးက ခရီးသွားပြည်သူများ၏ လုံခြုံရေးအခြေအနေအရ မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များကို ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း အမြန်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ကျွန်တော်တို့မှာလည်း ထားဝယ်သွားမယ့် ခရီးသည်တွေရှိနေတာဆိုတော့ ဆိပ်ကမ်းက တာဝန်ရှိသူတွေကို သွားညှိကြည့်သေးတယ်၊ မရဘူး။ စာထုတ်တားမြစ်တာမျိုးမဟုတ်ဘူး။ ဒေသန္တရအမိန့်နဲ့ ပြေးဆွဲခွင့်ပိတ်တာလို့ပြောတယ်” ဟု အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။ ပြေးဆွဲခွင့်ကို ယာယီပိတ်မည်ဟုသာ သိရပြီး မည်သည့်နေ့ရက်တွင် ပြန်လည်ခွင့်ပြုပေးမည်ကို […]

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် တမုတ်ချုံးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်

Dawei Watch

February 4, 2026

တနင်္သာရီမြို့နယ်၊ ကမ်းမလိုင်းရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက တပ်ဖွဲ့၀င်များ စစ်ကြောင်းထိုးလာသဖြင့် တမုတ်ချုံးရွာအနီးဝန်းကျင်တွင် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊တော်လှန်‌ရေးတပ်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂ရက်နေ့နှင့် ၃ရက်နေ့တို့တွင် တမုတ်ချုံးရွာအနီးဝန်းကျင်၌ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “တိုက်ပွဲအတွင်း စစ်အာဏာရှင်စစ်ကြောင်းက လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်း ထိုးလာတယ်။ တိုက်ပွဲအတွင်း စကစဘက်က ထိခိုက်မှုရှိတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်မှ ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူ အချို့က ပြောဆိုသည်။ စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ တမုတ်ချုံးရွာအနီးတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်စစ်ကြောင်းသည် လယ်တောင်ယာရွာရှိ […]

ရွေးကောက်ပွဲအပြီး ပုလောတွင် စစ်အာဏာရှင်တပ် ငါးရက်အတွင်း နေအိမ်နှစ်ရာကျော်ကိုမီးရှို့

Dawei Watch

February 4, 2026

ပုလောမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး ငါးရက်အတွင်း နေအိမ် နှစ်ရာကျော်ကို မီးရှို့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပုလောမြို့၏ ချောင်းတစ်ဖက်ကမ်းတွင် တည်ရှိသည့် ရှပ်ပုံရွာနှင့် ပုလောမြို့နယ် ပလမြို့တို့တွင် စစ်အာဏာရှင်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပုလောမြို့နယ်သည် ဇန်နဝါရီလ ၂၅ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည်။ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၂၇ ရက်တွင် ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၄) ရပ်ကွက် ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်ကို ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ စစ်အာဏာရှင်တပ်က မီးရှို့ရာ နေအိမ် ၇၈ဆောင် လောင်ကျွမ်း ပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ နောက်တစ်ရက် ဇန်နဝါရီလ ၂၈ […]

မြိတ်-ထားဝယ် ခရီးသည်တင်အမြန်ရေယာဉ် ပစ်ခတ်ခံရပြီး လေးဦးထက်မနည်း ဒဏ်ရာရ

Dawei Watch

February 3, 2026

မြိတ်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ် စပိတ်ဘုတ်တစ်စီးသည် ယနေ့ နံနက်ပိုင်းက ထားဝယ်မြစ်အတွင်း ပစ်ခတ်ခံရပြီး အမြန်ရေယာဉ်မောင်းနှင့် ခရီးသည် သုံးဦးထက်မနည်း ဒဏ်ရာရကြောင်း ဒေသခံများနှင့် အမြန်ရေယဉ် လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြိတ်မြို့မှ ထားဝယ်မြို့သို့ ခရီးသည် ၁၀ကျော်ဖြင့် ထွက်ခွာလာသည့် စပိဘုတ်အား သရက်ချောင်းမြို့နယ် ဆင်းကျန်းနှင့် ကျွဲစပ်ကျေးရွာကြားရှိ ထားဝယ်မြစ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၁၁ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ပစ်ခတ်ကြောင်း အမြန်ရေယာဉ်လုပ်ငန်းနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “ကမ်းစပ်က ဓနိတောထဲကနေ လှေငယ်နဲ့ ထွက်လာပြီး ရှေ့ကနေ ပစ်တယ်။ ပဲ့နင်းက ထိသွားလို့ လှေမောင်းလို့ မရတော့ဘူး” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ပစ်ခတ်ခဲ့ရပြီးနောက် စပိဘုတ်မှာ ထားဝယ်မြစ်ထဲ […]

ပုလော ဆင်ထိုးကြီးရွာတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

February 3, 2026

ပုလောမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ယင်းကျေးရွာမှ ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇နာရီကျော်တွင် အထက်ဖော်ပြအမျိုးသမီးသည် အခြားအမျိုးသမီးနှစ်ဦး၊ အသက် ၁၀အရွယ် မိန်းကလေးတစ်ဦးတို့နှင့်အတူ သူငယ်ချင်းဖြစ်သူ၏ အိမ်ကို လာစဉ် နေအိမ်ခြံဝန်းနောက်ဘက်ရှိ မရမ်းသီး ခူးရန်ပြင်စဉ် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ သူငယ်ချင်းခြံဆိုတော့ လန်ဂေါ်ရွက် (တညင်ရွက်) ဝင်ရောက်ခူးဆွတ်ပြီးနောက်တွေ မရမ်းသီးတွေ့လို့ ဝင်ခူးစား ကြတာ။ မရမ်းသီးတွေလည်း သီးနေတာမြင်တော့ ခူးဖို့သွားရင်း အပင်အောက်မှာ မိုင်းနင်းမိတာ” ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသဖြင့် အသက် ၆၆ နှစ်အရွယ် ဒေါ်စိန်သန်းကြည် […]

သဲဖြူရွာအနီးရှိ စစ်ရှောင်အချို့ အရေပြားရောဂါအဖြစ်များလာပြီး ဆေးဝါးများလိုအပ်

Dawei Watch

February 2, 2026

တနင်္သာရီမြို့နယ်၊ သဲဖြူရွာအနီးတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အချို့တွင် အရေပြားရောဂါ အဖြစ်များလာပြီး ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ရက်မှစ၍ သဲဖြူရွာကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး တပ်များနှင့် တိုက်ပွဲပြင်းထန်ကာ ဒေသခံများ တိမ်း‌ရှောင်နေရသည်မှာ နှစ်လကျော်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။ စစ်ဘေးရှောင်ဒေသခံ ဦးရေ ၅၀ ကျော် အရေးပြားရောဂါဖြစ်နေပြီး ဆေးထောက်ပံ့မည့်သူ မရှိသဖြင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ “ဖြစ်နေတာက အရွယ်စုံဖြစ်တယ်။ ကလေးရော၊ လူကြီးရော ဖြစ်ကြတယ်။ တချို့တွေကလည်း တစ်ကိုယ်လုံးမှာ ဖြစ်နေတယ်။ တချို့ကလည်း ခြေတွေ၊ လက်တွေ လောက်ဖြစ်ကြတယ်” ဟု အထက်ပါ စစ်ရှောင်ကူနေသူက ပြောဆိုသည်။ ရွာနှင့်‌‌ဝေးသည့် နေရာများတွင် […]