ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလော ကျောက္ကာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ စစ်အာဏာရှင်တပ် တစ်အိမ်တက်ဆင်း အဓမ္မလိုက်ခေါ်

Dawei Watch

January 26, 2026

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အာဏာရှင်တပ်က တစ်အိမ်တက်ဆင်း အဓမ္မလိုက်လံခေါ်ဆောင်ပြီး မဲထည့်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက္ကာရွာတွင် မဲလာထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် နေအိမ်များသို့ လာရောက်ခေါ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။ “တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ခေါ်ပြီး ထည့်ခိုင်းတယ်။ လိုက်ခေါ်နေလို့ ကြိုသိသူတွေကလည်း ထွက်ပြေးကြတယ်။ ပိတ်မိသူကလည်း သွားထည့်ရတယ်။ မထည့်ရင် ပင်လယ်ပြင် ထွက်ခွင့်မပြုဘူးလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကျောက္ကာကျေးရွာအုပ်စုတွင် မဲရုံနှစ်ရုံရှိပြီး ကျောက္ကာရွာတွင် တစ်ရုံ၊ သကျက်ကမ်းတွင် တစ်ရုံရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက္ကာရွာတစ်ဖက်ကမ်းရှိ သကျက်ကမ်းရွာနှင့် ရာဇဂြိုလ်ရွာနှစ်ရွာသည် သကျက်ကမ်းစာသင်ကျောင်း မဲရုံတွင် မဲထည့်ရပြီး မဲထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများ အဓမ္မခေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက […]

ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ဧရာဝတီလင်းပိုင်ကို ဘုတ်ပြင်းရေလုပ်သားများ ပြန်လွှတ်ပေး

Dawei Watch

January 23, 2026

ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေ၏ ငါးဖမ်းပိုက်တွင်ပါလာသည့် ဧရာဝတီလင်းပိုင်တစ်ကောင်ကို ရေလုပ်သားများက ပင်လယ်အတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့က ကြိမ်မဲတောင်ရွာအနီးပင်လယ်ပြင်တွင် ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းချိန် အရှည် ၄ ပေခန့်ရှိ ဧရာဝတီလင်းပိုင်တစ်ကောင် ဖမ်းမိကြောင်း ကြိမ်မဲတောင်ရွာနေ ရေလုပ်သားတစ်ဦးက ပြောသည်။ အဆိုပါဒေသနေ ဦးနောင်ပိန်နှင့်သားဖြစ်သူ၏ ငါးဖမ်းပိုက်တွင် ဖမ်းမိခြင်းဖြစ်ပြီး အကောင်ကြီးသဖြင့် ၎င်းတို့နှစ်ဦးတည်း ပြန်မလွှတ်နိုင်၍ ကြိမ်မဲတောင်ရွာ တံတားအနီးအထိ သယ်လာပြီး ရွာသားများ၏ အကူအညီဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများထံမှ သိရသည် ။ ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ဧရာဝတီလင်းပိုင်အမျိုးအစားသည် မျိုးတုန်းခါနီး သတ္တဝါဖြစ်သည်ဟု သိရသဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အကောင်ကတော့ သိပ်မကြီးဘူး။ ဒါပေမဲ့ တော်တော်လေးတယ်။ […]

လေးမိုင်ရွာတွင် မြေမြှုပ်မိုင်းကို တုတ်ဖြင့်ထိုးသဖြင့် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး‌ ဒဏ်ရာရ

Dawei Watch

January 22, 2026

တနင်္သာရီမြို့နယ်၊ ဒူကြိုး-လေးမိုင်ရွာတွင် စစ်အာဏာရှင်တပ်စွဲခဲ့သည့် လူနေအိမ်ဝန်းကျင်တွင်တွေ့သည့် မြေမြှုပ်မိုင်းကို ကလေးငယ်တစ်ဦးက တုတ်ဖြင့်ထိုးရာမှ ပေါက်ကွဲသောကြောင့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီခန့်တွင် လေးမိုင်ရွာတွင် အိမ်အနီးဝန်းကျင်တွင် တွေ့ရှိသည့် မြေမြှုပ်မိုင်းကို အသက် ၁၀နှစ်ကျော်အရွယ် ကလေးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မိုင်းကို တုတ်နဲ့ သွားထိုးလိုက်‌တော့ ပေါက်ပြီး (ခန္ဓာကိုယ်) အောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတယ်။ ထိသွားက ယောင်္ကျေားလေးပဲ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ဒဏ်ရာရသွားသည့် ကလေးကို မြိတ်ဆေးရုံကို ပို့လိုက်ပြီး နောက်ဆက်တွဲခြေနေကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများသည် လေးမိုင်ရွာကို စစ်ကြောင်းထိုးလာပြီး ယခု မိုင်းပေါက်ကွဲသည့် လူနေအိမ်များဝန်းကျင်တွင် […]

တနင်္သာရီ ညောင်ပင်ကုန်းရွာသားတစ်ဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီး၊ နှစ်ရက်ကြာအထိ ပြန်မလွတ်

Dawei Watch

January 22, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာသားတစ်ဦး ဘန်းလမွတ်ရွာသို့သွားစဥ် လမ်းတွင် ရှိနေသည့် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့ပြီး နှစ်ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းတွင် ‌ညောင်ပင်ကုန်းရွာမှ ဘန်းလမွတ်ရွာသို့ ဆိုင်ကယ်ဖြင့်သွားစဥ် လမ်းတွင်ရှိနေသည့် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးပြီး အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရသူသည် ညောင်ပင်ကုန်းရွာသား အသက် ၄၀ ဝန်းကျင်း အမျိုးသားဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ဖမ်းသွားတော့ မိသားစုတွေ သွားတောင်းတွေ့ခွင့်တောင်းတာ တွေ့ခွင့်မပေးဘူး။ ဆက်သွယ် ခွင့်လည်း မပေးဘူး။ ဒီနေ့အထိတော့ (ဇန်နဝါရီ ၂၂ရက်ည) ပြန်မလွှတ်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဘန်းလမွတ်ရွာ လမ်းဆုံ၌ တပ်စွဲထားသည့် […]

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ် လှည့်ကင်းကို မိုင်းဆွဲတိုက်ခိုက်

Dawei Watch

January 22, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ရမ်းဖိုရွာသို့ လှည့်ကင်းထွက်လာစဥ် တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီဝန်းကျင်တွင် လှည့်ကင်းထွက်လာချိန် ဗိုလ်ခရင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “စစ်သားတွေ မိုင်းဆွဲခံရပြီးနောက် သေနတ်ငယ်တွေနဲ့ တစ်ဖက်တည်း ရမ်းသမ်းပစ်ခတ်တယ်။‌ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ဘူး။ ရမ်းသမ်းလျှောက်ပစ်နေတယ်။ (မိုင်းဆွဲတိုက်ခိုက်လို့ စစ်အာဏာရှင်တပ်ဘက်က) ထိခိုက်မှု ရှိတယ်လို့‌တော့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ဗိုလ်ခရင်းတပ်ဖွဲ့ဘက်ကမူ ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သားများဘက် ထိခိုက်မှုဆိုသည့်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သားများသည် မိုင်းဆွဲခံရပြီးနောက် […]

သဲဖြူရွာအနီးရှိ စစ်ဘေးရှောင် ၁,၅၀၀ ခန့်အတွက် ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

Dawei Watch

January 21, 2026

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းတွင် ကာလရှည်တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် သဲဖြူရွာဝန်းကျင်တွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၁,၅၀၀ ဝန်းကျင်မှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ သိန်ခွန်းရွာရှိ စစ်အာဏာရှင်တပ်သားများ သဲဖြူရွာသို့ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သဲဖြူရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရသည်မှာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ စစ်ဘေးရှောင်များသည် စပါးရိတ်သိမ်းချိန်တွင် မရိတ်သိမ်းရဘဲ တိမ်းရှောင်ခဲ့ရသဖြင့် စားနပ်ရိက္ခာအတွက် ဆန်ကိုသာ အဓိကအားထားနေရပြီး ကျန်သည့် အခြေခံစားသောက်ကုန်များ မရှိတော့ကြောင်း ၎င်းကပြောသည်။ “ဆန်ရှိရင်ရပြီ ဆိုတဲ့စကားကို ကြားဖူးတယ်လေ့နော်။ အဲ့‌တော့ တစ်ခြားပစ္စည်းတွေ အခြေခံစားသောက်ကုန်တွေကို ညီမျှအောင် ပိုက်ဆံတွေကို သူများလှူလိုက်ရင်တောင်မှ သူတို့မဝယ်တော့ပဲ ဆန်တစ်မျိုးပဲဝယ်တဲ့ ပြဿနာတွေရှိလာတယ်” ဟု အထက်ပါ […]

တနင်္သာရီ စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု အကြီးအကျယ်ကြုံ

Dawei Watch

January 21, 2026

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်နေပြီး ဆေးဝါးလိုအပ်ချက်မြင့်မားနေကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်၌ ယားနာရောဂါအဖြစ်များနေပြီး လတ်တလော ဆေးဝါးပြတ်လပ်မှုများ ကြုံနေရသဖြင့် အိမ်တွင်းဆေးကုနည်းများဖြင့် ကုသပေးနေရကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ နွေဦးမေတ္တာ ကူညီနေသည့်နေရာတွင် စစ်ဘေးရှောင် ကိုးရာခန့် အရေပြားယားနာရောဂါ ခံစားနေကြရပြီး ဆေးဝါးပြတ်လပ် နေကြသဖြင့် အချို့စစ်ဘေးရှောင်များ ယားနာရောဂါအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်ဘေးရှောင်အဖွဲ့ထံမှ သိရသည်။ ရာသီတုပ်ကွေး၊ နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ သွေးတိုး၊ အာရုံကြော၊ နှလုံး၊ ဆီးချို စသော ဝေဒနာရှင်များအတွက်လည်း ဆေးဝါးလိုအပ်ချက် မြင့်မားနေပြီး ကုသရန်ပင် ဆေးမရှိတော့ကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ မငြိမ်းက ပြောသည်။ “ဆေးတွေ ထပ်မစုနိုင်တာ သုံးလလောက်တောင် ရှိလာပြီ။ အခုအရင်က စုထားတဲ့ ဆေးတွေနဲ့ […]

တောမီး မောတောင်မြို့အနီးကူးစက်လာပြီး နေအိမ်တစ်လုံးပျက်စီး

Dawei Watch

January 20, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် မြို့အနောက်ဘက်စတင်လောင်ကျွမ်းနေသည့် တောမီးသည် မြို့အနီးသို့ ကူးစက်နေပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၉ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မောတောင်မြို့၊ အောင်ဇေယျရပ်ကွက် အနောက်ဘက်မှ တောမီး စတင်လောင်ပြီး အောင်ဇေယျရပ်ကွက် အနီးထိ မီးများလောင်ကျွမ်းလာကာ လူနေအိမ်အချို့ ပျက်စီးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “လောင်တာကတော့ ရပ်ကွက်အနောက်ဘက်ကနေ စလောင်လာတယ်။ ရှို့မီးလား၊ တောမီးလောင်တာလား မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။ တောမီးများမှာ မြို့နှင့်နီးသည့် နေရာများတွင်သာ ငြှိမ်းသတ်နိုင်သေးပြီး တောများနှင့် လူနေအိမ်မရှိသည့်နေရာများတွင်မူ မငြှိမ်းသတ်နိုင်သေးကြောင်း မြို့ခံအခြားတစ်ဦးက ပြောဆိုသည်။ “မီးကတော့ လေတိုက်တဲ့အတိုင်း‌ လောင်သွားပြီ။ နေအိမ်တစ်ဆောင်တော့ မီးစကူးလို့ ငြိမ်းလိုက်တယ်။ ဘယ်နှစ်အိမ်လောင်သွားလဲ အတိအကျ မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။ […]