ပလမြို့အနီး သင်္ကန်းတောရွာဝန်းကျင်ကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့်ဗုံးကြဲ
Dawei Watch
October 21, 2025ပလမြို့အနီး သင်္ကန်းတောရွာနှင့် တန်းရှင်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၁ရက် နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဥ်ဖြင့် သင်္ကန်းတောရွာနှင့် အနီးတစ်ဝိုက်ကို ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခေါင်းပေါ်က လာဖြတ်ပျံသွားသလို ဖြစ်နေတယ်။ ဗုံးကြဲခဲ့တာ တဲတွေမှာလည်း အစလာစင်သေးတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ တန်းရှင်းရွာနှင့် သင်္ကန်းတောရွာမှာ ရွာချင်းကပ်နေပြီး ပလမြို့နှင့် ၃ မိုင်ခန့် ကွာဝေးသည်။ နောက်ထပ်ဗုံးတစ်လုံးမှာ ပလမြို့မှ ပုလောမြို့ကို သွားသည့် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကျရောက်ပေါက်ကွဲပြီး လမ်းမီးတိုင်အချို့ ပျက်စီးသွားကာ ဗုံးကျရောက်သည့်နေရာတွင် တွင်းကြီးအဖြစ်ကျန်ခဲ့ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။ “တိုက်ပွဲက ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်ပဲ ဖြစ်နေတယ်။ […]


