တနင်္သာရီ ကမ်းတိုရွာဟောင်းတွင် စစ်အာဏာရှင်တပ်က မြေမြှုပ်မိုင်းများထောင်ပြီး ပြန်ဆုတ်
Dawei Watch
October 7, 2025တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းမှ ပြန်ဆုတ်သွားသည့် စစ်အာဏာရှင်တပ်က ဥယျာဉ်ခြံများအတွင်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အောက်တိုဘာ ၃ ရက်နေ့က ကမ်းတိုရွာဟောင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင်တပ်က ရမ်းဖိုရွာဘက်ကို ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထိုသို့စစ်အာဏာရှင်တပ် ပြန်ဆုတ်သွားပြီးနောက် တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းစဥ် ဆုတ်သွားသည့် လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲဖြစ်သည့် ကမ်းတိုရွာဟောင်းဝန်းကျင်ရှိ ဥယျာဥ်ခြံများအတွင်း မြေမြုပ်မိုင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ခြေနင်းမိုင်းတွေက တော်လှန်ရေးတပ်ဖွဲ့က ဖော်ပေးနေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ မြေမြှုပ်မိုင်းများကို တော်လှန်ရေးတပ်များ သွားလာနိုင်သည့် လူသွားလမ်းတစ်လျှောက်နှင့် […]


