တနင်္သာရီ ဇဝဲကျေးရွာလမ်းဆုံကို စစ်အာဏာရှင်တပ်က ဖြတ်သန်းခွင့်ပိတ်
Dawei Watch
October 14, 2025တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာမှ တကူကျေးရွာအုပ်စုသို့ သွားနိုင်သည့် ဇဝဲလမ်းဆုံကို စစ်အာဏာရှင်တပ်က ဖြတ်သန်းခွင့် ပိတ်လိုက်သဖြင့် ဒေသခံများနှင့် ကျောင်းသားများ သွားလာရန်ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်တွင် ဇဝဲလမ်းဆုံကို စစ်အာဏာရှင်တပ်သားများက ကြိုတင်အသိမပေးဘဲ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ဖြတ်သန်းခွင့်ပိတ်လိုက်သဖြင့် ဒေသခံများဈေးဝယ်ထွက်ရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းကနေ အပြင်ထွက်သူကလည်း ထွက်မရဘူး။ အထဲဝင်သူကလည်း ရွာထဲဝင် မရဘူး။ ခြေ (လျင်) နဲ့လည်း ပေးမသွားဘူး။ ဆိုင်ကယ်လည်း ပေးမဖြတ်ဘူး။ အကုန်ပိတ်ပစ်လိုက်တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ လမ်းသုံးခု ဆုံသည့် ဇဝဲလမ်းဆုံသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး လက်ရှိတွင် အဆိုပါလမ်းဆုံမှ တကူကျေးရွာဘက်သွားသည့်လမ်းကိုသာ ပိတ်ထားခြင်းဖြစ်ပြီး ပြည်ထောင်စုလမ်းကို ပိတ်ထားခြင်းမရှိကြောင်း […]


