တုံးဗျောကြီးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲဖြစ်
Dawei Watch
October 2, 2025မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ ရွာဟောင်းဘက်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့က အင်အား ၄၀ ဝန်းကျင်သည် အောက်တိုဘာလ ၁ရက် နံနက် ၇နာရီဝန်းကျင်တွင် ရွာဟောင်းဘက်သို့ စစ်ကြောင်းစထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်သားများ ပြန်လည်ဆုတ်ခွာ သွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူ ပြောသည်။ အဆိုပါတပ်ဖွဲ့ဝင်များမှာ မြိတ်မြို့နယ် စစ်အာဏာရှင်တပ် (၁၀၁) တပ်ရင်း၏ ရှေ့ကာကင်းက တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဆိုသည်။ “စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးက နှစ်လုံးပဲ ပစ်တယ်။ အထိနာပြီး ပြန်ဆုတ်သွားကြတယ်” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပြီး နံနက်၁၀နာရီ ၃၀မိနစ် ဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာ ကာကင်းစခန်းသို့ ဒဏ်ရာရသူများ […]


