မြိတ်-ပုလောလမ်းပိုင်း ပိတ်ထားသဖြင့် ကားများပိတ်မိ
Dawei Watch
September 26, 2025မြိတ်-ပုလော ပြည်ထောင်စုကားလမ်း ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းကစပြီး လမ်းပိုင်းပိတ်ထားသဖြင့် ယင်းလမ်းပိုင်းတွင် ကားများပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့က ပြောသည်။ အဆိုပါလမ်းပိုင်းတွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာမှ မကျည်းကုန်းရွာအထိ မိုင် ၂၀ ကျော် အကွာအဝေး လမ်းပိတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်စလုံးက ပိတ်ထားခြင်းဖြစ်ကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောဆိုသည်။ စစ်ရေးတင်းမာနေသောကြောင့် လမ်းပိတ်ထားသည်ဟု သိရပြီး ပစ်ခတ်မှုများရှိနေသည်ဟုလည်း သတင်းကြားသိရကြောင်း ၎င်းတို့က ပြောသည်။ သရက်ချောင်းမြို့နယ်သို့ Dead body (ရုပ်အလောင်း) ပို့ဆောင်ရန် မြိတ်မြို့ဘက်မှ လာစဉ် မီးလောင်ချောင်းရွာတွင် နံနက် ၆ နာရီတည်းက ပိတ်မိနေသဖြင့် ပြန်လှည့်လာရကြောင်း အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအဖွဲ့က အမျိုးသားတစ်ဦးက ဆိုသည်။ […]


