မော်လမြိုင်တွင် ဓားပြတိုက်ခံရ၍ နေအိမ်ရှိ ရွှေနှင့်ပစ္စည်း သိန်းထောင်ကျော်ပါသွား
Dawei Watch
September 11, 2025မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး တန်ဖိုးသိန်းပေါင်းထောင်ကျော် ပါသွားကြောင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ ဦးကျော်သူရဆိုသူ၏ နေအိမ်ထဲ မျက်နှာဖုံးတပ်ထားသည့် လူ ၃ ဦးက ဝင်ရောက်ဓါးပြတိုက်သွားခဲ့ခြင်း ဖြစ်သည်။ ဓားမြတိုက်သူ ၃ ဦးစလုံး မျက်နှာဖုံးတပ်ထားပြီး၊ ဦးထုတ်ဆောင်းထားကာ သေနတ်နှင့် ဓါးများ ကိုင်ဆောင်ထားကြသည်ဟု နီးစပ်သည့် မြို့ခံတို့က ပြောသည်။ “သူတို့မှာ သေနတ်တွေ၊ဓားတွေ ပါတယ်။ ဖုန်းတွေ၊ ရွှေတွေ၊ ငွေတွေတော့ ပါသွားတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ဓါးပြတိုက်ခံခဲ့ရမှုဖြစ်စဉ်တွင် မီးလင်းရွှေ ၁၀ ကျပ်သား၊ ငွေကျပ်သိန်း […]


