အိမ်ချိပ်ပိတ်ခံထားရသော ဒလန်ဆိုသူများ၏ ဥယျာဥ်နှင့်ရော်ဘာခြံများကိုပါ ထပ်မံချိပ်ပိတ်
Dawei Watch
August 27, 2025တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ စစ်အာဏာရှင်တပ် သတင်းပေးဆိုသူများ၏ နေအိမ်များကို မြိတ်ခရိုင်တပ်ရင်း ၂ က ချိပ်ပိတ်ပြီးနောက် ဥယျာဥ်ခြံနှင့် ရော်ဘာခြံများကိုလည်း ဆေးနီသုတ်ပြီးစာကပ်ကာ ချိတ်ပိတ်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပဝရွာရှိ စစ်အာဏာရှင်သတင်းပေးဟုဆိုသူ ဦးမြင့်ဌေးနှင့် ဦးကြည်ဟုန်တို့၏ ရော်ဘာခြံနှင့်ဥယျာဥ်ခြံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဩဂုတ်လ ၁၇ ရက်နေ့က ပဝရွာရှိ ဦးမြင့်ဌေး၊ ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို မြိတ်ခရိုင်တပ်ရင်း- ၂က ချိပ်ပိတ်ခဲ့ပြီး နောက်တစ်ရက်တွင် ဦးမြင့်ဌေး၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုထားသည်။ ထိုနောက် ဩဂုတ်လ […]


