ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် ပလမြို့ဧရိယာထဲက ဇာဒီရွာကို စစ်အာဏာရှင်တပ် ဗုံးကြဲ
Dawei Watch
September 6, 2025ပလမြို့၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တိုက်ပွဲပြင်းထန်နေသည့် ဇာဒီရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လေကြောင်းကြဲတာ ဇာဒီရွာထဲပဲကျတယ်။ ရွာသားတွေက ရွာထဲမှာမရှိတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။ ပလမြို့နှင့် အနီးဝန်းကျင်ရှိ ရွာများတွင် ဇူလိုင်လ ၂၄ရက်မှစတင်ကာ စက်တင်ဘာလ ၅ရက်အထိ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က တစ်ရက်လျှင် လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း […]


