ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပလမြို့တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး ကားလမ်းပြန်ပိတ်

Dawei Watch

August 21, 2025

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က အင်အားရာချီအသုံးပြုကာ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေသည့်အတွက် အဆိုပါလမ်းပိုင်းကို ဖြတ်သန်း၍ မရတော့ကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့(ဩဂုတ် ၂၁) နံနက်မှစပြီး စစ်အာဏာရှင်တပ်သား ၂၀၀ ဝန်းကျင်ဖြင့် ပလမြို့မှ မြိတ်ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ ထိုကြောင့် ပလမြို့အထွက်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေကြောင်း ၎င်းကပြောသည်။ “တစ်နေကုန်တိုက်ပွဲဖြစ်နေတာ။တိုက်ပွဲကကြမ်းနေတာ။ လက်နက်ကြီးတွေနဲ့နေရာပေါင်းစုံကနေ မနက်အစောကြီးကတည်းက ပစ်နေတယ်။ ရေတပ်ကနေလည်း အတွဲလိုက်တွေ၊ လက်နက်ကြီးတွေနဲ့ ပလချောင်းဝကနေ ပစ်နေတာပါ” ဟု ၎င်းက ဆိုသည်။ ထိုအပြင်စစ်အာဏာရှင်တပ် အထိုင်ချထားသည့် စက်တော်ရာ(ဘုရားတောင်)ဘက်တွင်လည်း အင်အားရာချီရှိနေပြီး ပလမြို့နှင့် စက်တော်ရာကြားရှိ ကျေးရွာများကို နှစ်ဖက်ညှပ်၍ […]

တနင်္သာရီ၊ ပဝရွာတွင် မြိတ်ခရိုင်တပ်ရင်း- ၂ က ဒလန်ဆိုသူတစ်ဦး၏ နေအိမ်ကိုဖြိုပြီး သစ်များသိမ်းယူ

Dawei Watch

August 20, 2025

တနင်္သာရီမြို့နယ် ပဝကျေးရွာရှိ ဒလန်ဟုဆိုသူ ၃ ဦး၏ နေအိမ်သုံးဆောင်ကို ချိပ်ပိတ်ပြီး ယင်းနေအိမ်များအနက် တစ်ဆောင်ကို ဖြိုချကာ သစ်များသယ်ယူသွားကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပဝရွာရှိ ဦးဌေးနိုင်၊ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း- ၂ က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထိုနောက် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်စောစောတွင် ဦးဌေးနိုင်၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ၎င်းက ပြောသည်။ “ရဲဘော် ၇ ယောက်ဝန်းကျင်နဲ့လာပြီး အိမ်ကသစ်တွေကို အကုန်ခွာသွားတယ်။ပြီးတော့ သစ်တွေကို ကားနဲ့လာတင်သွားကြတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။ Dawei Watch က […]

ပုလော-မြိတ်ကားလမ်းတွင် တိုက်ပွဲကြောင့်ပိတ်မိနေစဉ် ကုန်ကားတစ်စီး ဖောက်ထွင်းခံရ

Dawei Watch

August 20, 2025

ပုလော-မြိတ် ကားလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် ကုန်ကားတစ်စီး ဖောက်ထွင်းခံရပြီး ပစ္စည်းအများအပြား ခိုးယူသွားကြောင်း ကုန်ပစ္စည်းခိုးယူခံရသူအချို့က ပြောသည်။ ပုလော- မြိတ်လမ်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ရက် ၂၀ နီးပါးကြာ ကားလမ်း ပိတ်နေသည့်အချိန် ဩဂုတ်လ ၁၄ ရက်တွင် ကုန်ကား ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရန်ကုန်နှင့် မန္တလေးတို့မှ ကုန်ပစ္စည်းများကို ကုန်ပစ္စည်းပို့ဝန်ဆောင်မှုပေးနေသည့် MGL Express မှတစ်ဆင့် မြိတ်မြို့သို့ သယ်ဆောင်လာချိန် ပုလော- မြိတ်လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိခဲ့ကြောင်း ကုန်ပစ္စည်းခိုးယူခံရသူအချို့ထံမှ သိရသည်။ ထိုသို့ပိတ်မိနေချိန် ကုန်ကားသမားမှာ ကားကိုထားခဲ့ပြီး တိမ်းရှောင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သည့်အချိန် ပြန်ရောက်ရှိလာ‌ သောအခါ ကားပေါ်ရှိ ပစ္စည်းအားလုံးနီးပါး ဖောက်ယူခံထားရကြောင်း ၎င်းတို့က ပြောဆိုသည်။ “ကျွန်တော်တို့က ဖုန်းရောင်းသမားဆိုတော့ ဖုန်းတွေပဲ […]

မွန်တွင် ထိုင်းကုန်ပစ္စည်းများ စျေးတက်

Dawei Watch

August 19, 2025

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများတင်သွင်းခွင့်ကို စစ်ကော်မရှင်က ပိတ်လိုက်ပြီးနောက် ထိုင်းထုတ်ကုန်များ မွန်ပြည်နယ်တွင် စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မြဝတီ-မဲဆောက် အမှတ် ၂ တံတားမှတစ်ဆင့် ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့်ကို သြဂုတ်လ ၁၈ ရက်ကစပြီး မြန်မာစစ်ကော်မရှင်က ပိတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် မွန်ပြည်နယ် စျေးကွက်အတွင်း ထိုင်းစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဆီ၊ အချိုမှုန့်၊ အသားမှုန့်၊ မုန့်၊ အချိုရည်၊ ဆပ်ပြာမှုန့် အစရှိသည့် ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် တစ်ထောင်မှ ငါးထောင်အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “မွန်ပြည်နယ်မှာက ထိုင်းက ပစ္စည်းတွေပဲ အသုံးများတယ်လေ။ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် ငံပြာရေကအစ ထိုင်းက လာတဲ့ဟာပဲ အသုံးများတယ်။ ဆီတို့ ဘာတို့ဆိုရင်လည်း ထိုင်းကလာတဲ့ဆီတွေပဲ သုံးကြတယ်။ […]

စစ်အာဏာရှင်တပ်က ပလမြို့ရှိ ပစ္စည်းများကို ဖောက်ထွင်းယူပြီး နေအိမ်များမီးရှို့

Dawei Watch

August 19, 2025

စစ်အာဏာရှင်တပ်သားများက ပလမြို့ရှိ နေအိမ်၊ ကုန်စုံဆိုင်နှင့် ဖုန်းဆိုင်များကို ဖောက်ထွင်းကာ ပစ္စည်းများယူဆောင်ပြီးနောက် မြို့အလယ်ရှိ နေအိမ်အဆောက်အအုံများကို မီးရှို့နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ကစပြီး ပလမြို့ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင်နှင့် လူနေအိမ်ရှိပစ္စည်းများကို ထော်လာဂျီများ၊ ကားများဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၁၈ ရက်တွင်မူ မြို့လယ်မှနေအိမ်များကို မီးစတင်ရှို့နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “မြို့အလယ်လောက်က အိမ်တွေကနေ စရှို့နေတယ်။ မီးခိုးတွေ အလုံးလိုက်တက်နေတာ မြင်နေရတယ်။ မြို့ထဲမှာက သူတို့လောက်ပဲရှိတော့ ဘာအခြေအနေမှန်း မသိရသေးဘူး။ ပစ္စည်းတွေလည်း ဝင်ဖောက်ယူထားလို့ ကုန်ပြီ။ ပစ္စည်းကုန်တာနဲ့ မီးရှို့တာပဲ”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်သားများက ပလမြို့ဆေးရုံပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင်များနှင့်လူနေအိမ်ရှိ ပစ္စည်းများကို သယ်ယူသွားကြောင်း […]

ကျွန်းစုတွင် တိုက်ပွဲပြင်းထန်လာမည်စိုးသဖြင့် ကွမ်းသီးနုခူးရောင်းသူများလာ

Dawei Watch

August 18, 2025

ကျွန်းစုမြို့နယ်ရှိကျေးရွာအချို့တွင် စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကွမ်းသီးရင့်မှည့်သည်အထိ မစောင့်တော့ဘဲ ကွမ်းသီးနုခူးရောင်းသူများလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က တော်လှန်ရေးအားကောင်းသည့် ကျေးရွာများဝန်းကျင်ကို စစ်သင်္ဘောများဖြင့် လှည့်ပတ်သွားလာနေကြပြီး စစ်ဆေးမှုများ ဆက်တိုက်ရှိလာသဖြင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေခြင်းသည်။ ထို့အပြင် ပဲ့တိုင်ရွာ အနီးဝန်းကျင်ရှိ ဝန်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်နှင့် ပျူစောထီးများက အင်အားဖြည့်တင်းပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယခုနှစ်မတ်လနှောင်းပိုင်းကတည်းက မကြာခဏစစ်ကြောင်း ထိုးနေကြောင်း ‌ဒေသခံများထံမှ သိရသည်။ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး စစ်ရေးအခြေအနေ မငြိမ်မသက်မှုများကြောင့် ယမန်နှစ်ထက် ကွမ်းသီးနု ဈေးကျနေသော်လည်း ရသည့်စျေးဖြင့်ပင် ခူးဆွတ်ရောင်းချနေရကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ “ဒီနှစ်ကွမ်းသီးနုဈေးက လုံးဝမကောင်းဘူး။ တက်လည်းမတက်လာဘူး။ ကောက်(ခူး)ရောင်းရမှာ နှမြောပေမယ့်လည်း ရွာဘက်တွေမှာ အခြေအနေတွေက သိပ်မအေးဘူး။ဒါကြောင့် […]

ပိတ်ဆို့ခံထားရသည့် ပုလောမြို့နယ်၊ တမိုင်တောင်စခန်းကုန်းကို စစ်အာဏာရှင်တပ်စွန့်ခွာ

Dawei Watch

August 18, 2025

ပုလောမြို့နယ်၊ အောင်ပူ(အင်ဖုံး)ကျေးရွာအုပ်စုမှ တမိုင်တောင်စခန်းကုန်းကို စစ်အာဏာရှင်တပ်သားများ ဩဂုတ်လ ၁၇ ရက်တွင် စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ တမိုင်တောင်စခန်းကုန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း(၇) တပ်ခွဲ(၅)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA အထူးတပ်ဖွဲ့ ၁ တို့က ရိက္ခာဖြတ်တောက် ပိတ်ဆို့မှုများပြုလုပ်ခဲ့သဖြင့်စခန်းစွန်ခွာသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “ဒီစခန်းက အာဏာသိမ်းပြီးမှ တပ်လာစွဲထားတဲ့စခန်းပါ။ ကျွန်တော်တို့ကကြားဖြတ်ပြီးတော့ ပိတ်ဆို့မှုလုပ်တယ်။ ရိက္ခာဖြတ်တောက်မှုလုပ်ထားတဲ့အခါကျတော့သူတို့က ရိက္ခာပို့ဖို့မလွယ်တော့ဘူးပေါ့နော်။ အရင်တုန်းကလည်းပို့တယ် ပို့တဲ့အပေါ်မှာ ကျွန်တော်တို့နဲ့ထိတွေ့မှုမကြာခဏအမြဲဖြစ်တာပေါ့နော်။ ကျွန်တော်တို့လည်း မကြာခဏချောင်းပစ်တယ်ဆိုတော့ သူတို့လည်း ဆုတ်ခွာတာပေါ့” ဟု KNDO တပ်ခွဲ ၅ တပ်ခွဲမှူး စောဗဟုက ပြောသည်။ အဆိုပါစခန်းတွင် ခလရ ၂၈၅ တပ်ရင်းက စစ်အာရှင်တပ်သား ၃၀ ခန့်ရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယအပတ်တွင် […]

ပလမြို့တွင် တိုက်ပွဲအကြိမ်ရေ ၃၀နီးပါးဖြစ်၊ နှစ်ဖက်ထိခိုက်ပြီး ပြည်သူဆယ်နှင့်ချီသေဆုံး

Dawei Watch

August 16, 2025

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲကြီး ကိုးကြိမ်၊ တိုက်ပွဲငယ်‌ ၂၀ ဝန်းကျင် ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ကြောင့် အရပ်သားဆယ်နှင့်ချီ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်ကစပြီး စစ်အာဏာရှင်တပ်က ပလမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာ သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ဩဂုတ် ၉ရက်အထိ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထိုကဲ့သို့ တိုက်ပွဲမဖြစ်မီ စစ်အာဏာရှင်တပ်က ပလမြို့ဝန်းကျင်ရှိ ၎င်းတို့၏ တပ်စခန်းနှင့် စိုးမိုးနယ်မြေများဖြစ်သည့် စက်တော်ရာတောင်နှင့် ကြဲရွာတို့ကို အင်အားဖြည့်တင်းနေသည်မှာ အချိန်ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “၂၄ရက်နေ့က ပလဆိပ်ကမ်းက တက်လာတော့ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့က မြို့သိမ်းအစီအစဉ် […]