တနင်္သာရီ တမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ယနေ့တိုက်ပွဲဖြစ်
Dawei Watch
August 10, 2025တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၀ရက် နံနက် ၉နာရီဝန်းကျင်တွင် တမုတ်ချုံးရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ စစ်ကြောင်းထိုးလာသဖြင့် တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူတို့ဘက်ကနေ စစ်ကြောင်းထိုးနေတာ ၃ ရက်ရှိပြီ။ တိုက်ပွဲက တအားကြမ်းနေတယ်လို့ ပြောတယ်။ ရဲဘော်တွေတော့ ဒဏ်ရာရထားသူရှိတယ်။ တိုက်ပွဲက အခုအထိဖြစ်နေတယ်” ဟု အထက်ပါနီးစပ်သူက ယနေ့ညနေ ၃နာရီဝန်းကျင်တွင် ပြောသည်။ စစ်ကြောင်းထိုးနေသည့် ၃ ရက်တာကာလအတွင်း ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ တမုတ်ချုံးရွာတွင် စစ်ဆေးရေးဂိတ်ချပြီး တပ်စွဲနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ဩဂုတ်လ ၄ ရက်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ […]


