ဘုတ်ပြင်းတွင် ကျောက်တင်ကားနှင့်ဆိုင်ကယ်တိုက်၍ ကျောင်းသားနှစ်ဦး သေဆုံး
Dawei Watch
August 6, 2025ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်း၊ ကမာချောင်းနယ်မြေ၊ ၂ မိုင်ဓာတ်ဆီဆိုင်အနီးတွင် ကျောက်တင်ကားနှင့်ဆိုင်ကယ် တိုက်မိပြီး အထက်တန်းကျောင်းသားနှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန် ရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းပေါ်တွင် အထက်တန်း ကျောင်းသား ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် ကျောက်တင်ကားတို့ တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ အထက်တန်းကျောင်းသားများမှာ ဘုတ်ပြင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သင်ယူနေသည့် ကျောင်းသားများဖြစ်ကြပြီး တိုက်မိခဲ့သည့်ဖြစ်စဉ်ကို မသိရသေးပေ။ “အဲဒီဘုတ်ပြင်း – ကော့သောင်းလမ်းပိုင်းမှာ ခဏခဏ ယာဉ်တိုက်မှုဖြစ်တယ်။ လမ်းကလည်းရှင်းတော့ ဆိုင်ကယ်ရော ကားရော အသေမောင်းကြတာ။ အန္တရာယ်နဲ့လည်းကြုံလာရော အရှိန်ကလျှော့လို့မကျပြီ ။အဲမှာတိုက်ကြတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုကြောင့် အထက်တန်းကျောင်းသား ၃ […]


