ပုလော၊ တိုရွာတွင် ဆယ်ကျော်သက်နှစ်ဦး မိုင်းထိသေဆုံး
Dawei Watch
July 31, 2025ပုလောမြို့နယ်၊ ပလမြို့ရှိတိုရွာတွင် ဆိုင်ကယ်တစ်စီး မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဇူလိုင် ၂၈ ရက် နေ့လယ်တွင် အသက် ၁၆ နှစ်ဝန်းကျင်အရွယ် လူငယ်နှစ်ဦး ဆေးဝယ်ရန်အတွက် ဆိုင်ကယ်စီးလာစဥ် တိုရွာနှင့်ပိတပ်ရွာကြားရှိလမ်းတွင် မိုင်းနင်းမိပြီး တစ်ဦးမှာနေရာတွင်ပင် သေဆုံးသွားကြောင်း၊ နောက်တစ်ဦးမှာ ဆေးရုံရောက်ပြီးမှ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။ “တို နဲ့ ပိတပ်ရွာကြားလမ်းက ပိတ်ထားတယ်။ သူတို့ နှစ်ယောက်က ဆေးဝယ်ဖို့ ဆိုင်ကယ်နဲ့လမ်းမှာ မိုင်းတိုက်မိပြီး တစ်ယောက်ပွဲချင်းပြီးသေတယ်။ တစ်ယောက်က ဆေးရုံရောက်သွားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ မိုင်းထိပြီး ဒဏ်ရာရသွားသူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆေးရုံပို့ပေးခဲ့သော်လည်း ဒဏ်ရာပြင်းသဖြင့် ညနေပိုင်းတွင် သေဆုံးသွားရာ မိသားစုထံပြန်လည်ပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေကြားထဲ အရပ်သားတွေက […]


