စစ်မှုထမ်းစုဆောင်းမည့် သတင်းကြောင့် မြိတ်မြို့ခံလူငယ်များ တိမ်းရှောင်နေရ
Dawei Watch
July 21, 2025မြိတ်မြို့တွင် စစ်မှုထမ်းစုဆောင်းမည်ဟု သတင်းထွက်ပေါ်နေသဖြင့် မြို့ခံလူငယ်များ တိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် နံနက် ၃ နာရီကျော်အချိန်တွင် မြိတ်မြို့ ကြံတောရပ်ကွက်တွင် နေထိုင်သည့် လူငယ် ၈ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် မြို့ခံတစ်ဦးကပြောသည်။ ထိုလူငယ်ရှစ်ဦး အဖမ်းခံရပြီးသည်နှင့် စစ်ကောင်စီတပ်က လူငယ် ၅၀၀ ဦးကို စစ်မှုထမ်းဆောင်းရန် ဖမ်းဆီးမည်ဆိုသည့်သတင်း မြို့ခံများအကြား ပျံ့နှံ့ပြောဆိုလာကြပြီး စိုးရိမ်မှုမြင့်တက်နေကြခြင်း ဖြစ်သည်။ ယင်းသို့ စစ်သားစုဆောင်းမည့် သတင်းကို တရားဝင် ထုတ်ပြန်ထားသည်မျိုး မတွေ့ရသည့်အပြင် သတင်းထွက်လာသည့် ရင်းမြစ်ကိုလည်း မသိရှိရသေးပေ။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရလည်း ယင်းသို့လုပ်ဆောင်ခွင့်မရှိပေ။ သို့သော် စစ်ကောင်စီတပ်က ဧည်စာရင်းအကြောင်းပြ စစ်မှုထမ်းစုဆောင်းသည့်ဖြစ်စဉ်၊ စစ်မှုထမ်းဥပဒေဘောင်ကျော်ပြီး စစ်မှုထမ်းစုဆောင်းသည့် ဖြစ်စဉ်များလည်း ရှိနေသဖြင့် […]


