မြိတ်တွင် အသက် ၇၀ အရွယ်အဘိုးတစ်ဦး ဓားခုတ်ခံရ၊ ဒဏ်ရာပြင်းထန်
Dawei Watch
July 17, 2025မြိတ်မြို့နယ်၊အင်္ဂမော်ကျေးရွာတွင် အသက် ၇၀ ဝန်းကျင်အရွယ် အဘိုးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ခုတ်ရာက ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၁၆ ရက်နေ့ ညနေ့ ၃ နာရီခန့်တွင် အသက် ၇၀ ဝန်းကျင်အရွယ်ဦးတင်ထွေးသည် တောင်ပေါ်တွင် တစ်ဦးတည်းဝါးခုတ်နေချိန် အသက် ၂၅ နှစ်အရွယ် ကိုပိုင်လင်းက ဓားဖြင့်ဝင်ခုတ်ခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။ “တစ်ယောက်တည်းလည်းဖြစ်တော့ ပြန်ပြီးလည်းမခုခံနိုင်ဘူးလေ။ အသက်အပိုင်းအခြားကလည်း ဝောာ်တော်ကွာတယ်။ ရွာဘက်တွေက မြင်းဆေး(WY)တွေတော်တော်ပေါတယ်။ ရွာကလူတွေကတော့ ဆေးကြောင်ပြီးခုတ်တယ်လို့ မှတ်ချက်ချနေကြတယ်”ဟု နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။ ရန်ငြိုးရန်စ မရှိဘဲ အဘိုးကို ဓားဖြင့်ဝင်ခုတ်ခြင်းဖြစ်ပြီး မျက်နှာနှင့် လက်တွင် အရိုးပေါ်သည်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ “လူနာကတော့ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ အခြေအနေကတော့ […]


