မြိတ်တွင် ကျောင်းဆရာနှင့် တည်းခိုခန်းမန်နေဂျာ သတ်ဖြတ်ခံရမှုဖြစ်ရပ်နှစ်ခုတွင် ကျူးလွန်သူ တူညီဟုဆို
Dawei Watch
July 12, 2025မြိတ်မြို့တွင် လုယက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသည့် ပုဂ္ဂလိက ကျောင်းဆရာနှင့် တည်းခိုးခန်း မန်နေဂျာ ဖြစ်ရပ်နှစ်ခုစလုံးကို ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူငယ်နှစ်ဦးကို ဖမ်းမိထားကြောင်း မြို့ခံများထံမှ သိရသည်။ ဇူလိုင်လ ၇ရက်က ဆိုင်ကယ်နှင့် ဖုန်းကို လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် ပုဂ္ဂလိက ကျောင်းဆရာဖြစ်သည့် ကိုသီဟဝင်း သေဆုံးခဲ့ပြီး ဆိုင်ကယ်ကို ပြန်လည်ရောင်းချရာမှ သံသယရှိသည့် အသက် ၁၉နှစ်အရွယ် မြိတ်မြို့ခံ လူငယ်အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း မြို့ခံများက ပြောသည်။ အဆိုပါ လူငယ်နှစ်ဦး၏ ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်ညက မြိတ်မြို့ ၊ လှသီရိ ၂ တည်းခိုခန်းတွင် မန်နေဂျာဖြစ်သူ ကိုမြတ်ထွေးကိုလည်း လုယက်သတ်ဖြတ်ခဲ့သူများဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း ကိုမြတ်ထွေး၏ ဆွေမျိုးနီးစပ်သူတစ်ဦးက ဆိုသည်။ […]


