ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်ကောင်စီပိတ်ဆို့မှုကြောင့် တနင်္သာရီရှိကျေးရွာအချို့တွင် အိမ်သုံးဆေးဝါးစျေးတက်ပြီး ဝယ်ရခက်ခဲ

Dawei Watch

July 1, 2025

စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အိမ်သုံးဆေးဝါးဈေးတက်ပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်မြို့မှ တနင်္သာမြို့နယ်ဘက်သွားသည့် လမ်းပိုင်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆေးဝါး၊ရိက္ခာသယ်သူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ကန့်သတ်ထားသည်။ ယခုနှစ် မတ်လ ၁၇ ရက်နေ့ကစပြီး ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် တင်းကျပ်ပြီး စစ်ဆေးဖမ်းဆီးမှုများရှိလာပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အိမ်သုံးဆေးဝါး နှစ်ဆဝန်းကျင်စျေးတက်လာကြောင်း ကမ်းတိုရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကိုယ်ဝန်ဆောင် အားတိုးဆေးလည်း လုံးဝဝယ်လို့မရဘူး။ ကျွန်မအခု ဗိုက်(ကိုယ်ဝန်) ၆လမှာ တစ်ကဒ်ပဲ သောက်ရသေးတယ်။စျေးကြီးပေးပြီး ရှာဝယ်တောင်မရှိဘူး”ဟု ၎င်းက ပြောသည်။ ထို့အပြင် ပါရာစီတမော အလုံးတစ်ရာပါ တစ်ဘူးလျှင် ၄၅၀၀ ကျပ်မှ ကျပ် ၈၀၀၀ အထိလည်းကောင်း၊ ဗီတာမင်စီ အလုံးတစ်ရာပါ တစ်ဘူးလျှင် ၄၀၀၀ […]

တနင်္သာရီ သိန်ခွန်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိ

Dawei Watch

June 29, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာဝန်းကျင်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးပါ အသုံးပြုနေသည့်အတွက် နှစ်ဖက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် သိန်ခွန်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသည့်ဧရိယာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးအကြီး ၂ လုံးနှင့် ဗုံးအသေး ၁၀ လုံးထက်မနည်းကြဲချခဲ့ကြောင်း KTLA-tcjf (ကော်သူးလေအာမီ) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လေကြောင်းက ဒီနေ့(၂၈ရက်)လာတယ်။ဗုံးကျတာက သူတို့(စစ်ကောင်စီ)တပ်ရှိရာ နေရာကိုပဲ ကျသွားတယ်။ ခေါင်းတွေပွင့်ပြီးသေသူကသေ၊ဝမ်းဗိုက် ထိသူကထိ အစုံပဲ”ဟုတိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲသည် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသွားကြောင်း […]

မြိတ်တွင် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းသွားပြီး သုံးရက်ကြာအထိ အဆက်သွယ်မရ

Dawei Watch

June 28, 2025

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ကျောင်းတက်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား ပြီး သုံးရက်ကြာသည်အထိ အဆက်သွယ်မရကြောင်း ဒေသခံအချို့အပါအဝင် မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၂၆ရက် နံနက်စောစော ၂နာရီခန့်တွင် တုံးဗျောကျေးရွာရှိ ကြက်မောက်သီးခြံတွင် ခြံစောင့်၍အိပ်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူတို့က ကျောင်းသားတွေပဲ။ ခြံမှာ သူခိုး ခိုးမှာကြောင့် စောင့်အိပ်နေကြတယ်။ လက်နက်ကိုင်အဖွဲ့တစ်ခုက လာဖမ်း သွားပြီး အခုအထိ အဆက်အသွယ်မရသေးဘူး” ဟု အထက်ပါနီးစပ်သူက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကျောင်းသားများမှာ အသက် ၁၇ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး တုံးဗျောရွာ အထက်တန်းကျောင်း တွင် Grade-10 တက်နေသူများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသည့် ကလေးတစ်ဦးသည် တုံးဗျောရွာရှိ ကျောင်းအုပ်ကြီး၏ […]

တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းထားသည့် လူငယ်နှစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

June 28, 2025

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦး ငါးရက်ကြာသည်အထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံအချို့၊ အဖမ်းခံရသူများ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၂၄ ရက် ညဦးပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ ဝန်းကျင်အရွယ် အောက်ကင်းရွာသား အမျိုးသား တစ်ဦးကို လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါစစ်ကောင်စီတပ်သားများသည် အောက်ကင်းရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းကဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားကို ဖမ်းဆီး၍ ရိုက်နှက်စစ်ဆေးပြီး တနင်္သာရီမြို့ပေါ်ရှိ အချုပ်ခန်းကို ပို့လိုက်သည့်အတွက် ၎င်း၏အခြေအနေကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဖမ်းပြီးနောက်ပိုင်း ရိုက်ထားတာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး လူတွယ် (တွဲခေါ်သူ) နဲ့ တွယ်သွားလို့ မြင်တဲ့သူတွေက ပြောတယ်။ တနင်္သာရီမှာ […]

မြိတ်တည်းခိုခန်းတစ်ခု၏ မန်နေဂျာ ဓားဒဏ်ရာများဖြင့် သေဆုံး

Dawei Watch

June 28, 2025

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ တိုးချဲ့ရပ်ကွက်၊ စေတနာလမ်း ရှိ လှသီရိ – ၂ တည်းခိုခန်းတွင် ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်တွင် တွေ့ရှိရကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများ ထံမှသိရသည်။ သေဆုံးသူသည် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာမှ အသက် ၂၅ နှစ်အရွယ် ကိုမြတ်ထွေး ဖြစ်ပြီး ၎င်းသည် လှသီရိ တည်းခိုခန်းတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက မန်နေဂျာလုပ်နေသူဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူများနှင့် မိတ်ဆွေများကပြောသည်။ “တည်ခိုခန်းပိုင်ရှင်က အခန်း သော့ဖွင့်ကြည့်မှသိတယ်။ အပြင်သော့ခတ်ပြီး ထားခဲ့တယ်။ပိုက်ဆံတွေ ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်။ လုယက်မှု ဖြစ်နိုင်တယ်” ဟု သေဆုံးသူ၏ ဆွေမျိုး နီးစပ်သူတစ်ဦးက ပြောသည်။ သေဆုံးသူတွင် […]

ပုလော၊ ကျောက္ကာရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်

Dawei Watch

June 27, 2025

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျူစောထီးစခန်အား တော်လှန်ရေးပူပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်တို့က ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၅နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယင်းတိုက်ခိုက်မှုတွင် ပျူစောထီးသုံးဦးသေဆုံးပြီး သေနတ်ငါးလက် အပါအဝင် ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ သတင်းအရကြိုတင်စီစဥ်ပြီးမှ သွားတာပါ။ လက်နက် ၁၀ ကျော်ရှိတယ်လို့တော့ ကြားထားတယ်။ စခန်းမှာပျူ ၃ယောက်ပဲရှိတာဆိုတော့ လက်နက်ငါးလက်ပဲ သိမ်းဆည်းရမိခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ တိုက်ခိုက်မှု အခြေအနေအား မေးမြန်းရန် ကျောက္ကာဒေသခံအချို့ကို ဆက်သွယ်ခဲ့သေးသော်လည်း ဆက်သွယ်ရခက်ခဲနေသဖြင့် မေးမြန်းနိုင်ခြင်း မရှိသေးပေ။ အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ […]

တနင်္သာရီ သိန်ခွန်းရွာတွင် တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်

Dawei Watch

June 27, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇွန်လ ၂၆ ရက် နံနက်စောစောတွင် သိန်ခွန်းရွာရှိ တော်လှန်ရေးတပ်များရှိရာနေရာသို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ဖြစ်တယ်။ တစ်ရက်လုံးနီးပါး ပွဲဖြစ်တယ်။ သူတို့တွေ (စစ်ကောင်စီ) က ညနေကျတော့ အထိနာပြီး ပြန်ဆုတ်သွားတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ သိန်ခွန်းရွာ၏အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ၏ အနောက်ဘက် ချောင်းနှစ်ပေါက်ရွာဘက်ခြမ်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ စစ်ကောင်စီတပ်က တစ်ပတ်အတွင်း စစ်ကူနှင့် ရိက္ခာကား ၇စီးဖြင့် အင်အားဖြည့်တင်း၍ ထိုးစစ်ဆင်နေပြီး ၎င်းတို့ အထိနာပါက ပြန်ဆုတ်သွားလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက […]

တနင်္သာရီ မော်တုန်းနှင့် ပဝရွာတို့ကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချပြီး လက်နက်ကြီးဖြင့်ပစ်

Dawei Watch

June 26, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာနှင့် ပဝရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၀၆ အမြောက်တပ်ရင်းက ဇွန်လ ၂၅ ရက် နံနက် ၁၁နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံးချပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မော်တုန်းရွာအတွင်းကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး ပဝရွာကို ၁၂၀ မမ လက်နက်ကြီးကျည် နှစ်လုံးပစ်ခတ်ခဲ့ကြောင်း အသက် ၄၀နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ မော်တုန်းရွာနေ ဒေသခံတစ်ဦးကလည်း “မော်တုန်းရွာမှာက ကူးတို့ဆိပ်မှာ လာကျတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ လက်နက်ကြီးတွေလည်း ပတ်ရမ်းပစ်နေတယ်” ဟု ပြောသည်။ […]