ပုလော တောင်ယာကမ်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်နှစ်လုံးပျက်စီး
Dawei Watch
June 21, 2025စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို ဒရုန်ဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ပုလောမြို့နယ်၊ တောင်ယာကမ်း ကျေးရွာက နေအိမ်နှစ်လုံး ထိမှန်ပျက်စီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပုလောမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တစ်လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးနှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “ရွာသားတွေတော့ မရှိတော့ဘူး။ ရှောင်ကုန်ကြပြီ။ လက်နက်ကြီးထိလို့ နေအိမ်ပျက်စီးတာတွေတော့ ရှိပါတယ်” ဟု တောင်ယာကမ်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ပျက်စီးသွားသည့် နေအိမ်နှစ်ဆောင်မှာ တိုက်အိမ်အမျိုးအစားဖြစ်ပြီး လက်နက်ကြီး ပေါက်ကွဲထိမှန်ထားသဖြင့် လူနေထိုင်၍ မရသည်အထိ ထိခိုက်ပျက်စီးနေသည်ကို ဓာတ်ပုံမှတ်တမ်းထဲတွင် တွေ့ရသည်။ ထိုကဲ့သို့ လက်နက်ကြီးပစ်ခတ်သည့်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။ ဇွန်လ ၁၇ ရက်ကမူ […]


