သိန်ခွန်းရွာအနီးတွင် တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတို့ ၈ နာရီကျော်ကြာ တိုက်ပွဲထပ်ဖြစ်
Dawei Watch
June 11, 2025ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးတွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲထပ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇွန်လ ၁၀ရက်နေ့ နံနက် ၇နာရီခန့်တွင် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာအနီး ဥယျာဉ်ခြံများအတွင်းသို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ၈ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLAတပ်ရင်း၁၁ ၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ ၄ လက်အောက်ခံ KNLAတပ်ရင်း၁၁ နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။ သိန်ခွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ “တစ်နေကုန်တိုက်ပွဲဖြစ်နေတယ်။ မနက် ၇ နာရီကနေ ညနေ ၃ နာရီအထိ ဖြစ်နေတယ်။ သူတို့ဘက်က(စစ်ကောင်စီ) […]


