တနင်္သာရီက စစ်ဘေးရှောင်များ ယားနာကုရန် ဆေးဝါးခက်ခဲ
Dawei Watch
June 4, 2025တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ယားနာရောဂါကုသရန် ဆေးဝါးအလွယ်တကူ မရသည့်အတွက် အခက်အခဲများ ကြုံနေရကြောင်း စစ်ဘေးရှောင်နေသူများနှင့် စစ်ဘေးရှောင်အရေးကူညီနေသည့်အဖွဲ့အချို့ထံမှ သိရသည်။ ညောင်ပင်ကွင်းရွာခံများက ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှောင်းပိုင်းမှစကာ စစ်ရှောင်နေရပြီး သုံးရေမလုံလောက်သဖြင့် ယားနာများဖြစ်ပွားလာကြကြောင်း အသက် ၂၆ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ထုံမခါ၊ ကျောက်မီးကျောင်း၊ သဘော့လိပ်ငယ်၊ ကြိမ်ချောင်း စသည့် ကျေးရွာတို့က စစ်ဘေးရှောင် ပြည်သူများတွင်ယားနာအဖြစ်များနေကြကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ ၎င်းတို့စစ်ဘေးရှောင်နေရသည့်နေရာအပါအဝင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုကို စစ်ကောင်စီက ဆေးဝါး သယ်ဆောင်ခွင့်ကန့်သတ်ထားသည့်အတွက် ယားနာကုသရန် ဆေးဝါး အခက်အခဲကြုံနေရကြောင်း အထက်ပါ စစ်ဘေးရှောင် အမျိုးသမီးက ပြောဆိုသည်။ “ဆေးခန်းမရှိဘူး။ (တော်လှန်ရေး) ဆေးမှူးတွေလာတဲ့အခါမှ ပြရတယ်။ မလာတဲ့အချိန်ဆိုရင်တော့ မပြရဘူး။ ဆေးတွေ ကုန်သွားဆို(ရင်) လူကြုံနဲ့မှာပြီး ယားနာဆေးဝယ်ပြီး […]


