ပလမြို့ကို စစ်ကောင်စီ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်သဖြင့် ဒေသခံသုံးဦးသေဆုံး
Dawei Watch
July 24, 2025ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ သုံးဦး သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီခွဲဝန်းကျင်နှင့် ၅ နာရီခွဲဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ပထမအကြိမ် ဗုံးကြဲရာတွင် ပလမြို့ရှိ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲရာ ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။ ထို့နောက် စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။ “လေယာဥ် ပထမကြိမ်ကြဲတာ လင်မယားနှစ်ယောက်သေတယ်။ လက်နက်ကြီးထိပြီး မိန်းမကြီးတစ်ယောက် သေတယ်” ဟု ၎င်းက ပြောသည်။ သေဆုံးခဲ့သူများ၏ အသေးစိတ်အချက်အလက်များကို Dawei […]


