ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ဒေသခံများ ပြန်မနေထိုင်သေးသည့် ဆင်ထိုးကြီးရွာတွင် မီးထပ်လောင်နေ

Dawei Watch

February 2, 2026

ပုလောမြို့နယ် ပြည်ထောင်စုကားလမ်းနံဘေးရှိ ဆင်ထိုးကြီးကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်တွင် မီးထပ်မံလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမနံဘေးရှိ ဆင်ထိုးကြီးကျေးရွာ လမ်းလေးခွဆုံတွင် နေ့လယ် ၁၂ နာရီခန့်ကစပြီး မီးလောင်နေကြောင်း ၎င်းတို့က ဆိုသည်။ လက်တလောတွင် နေအိမ် နှစ်လုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဆက်လက်လောင်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောဆိုသည်။ ဆင်ထိုးကြီး ဒေသခံများနှင့် ပတ်ဝန်းကျင်ရွာဖြစ်သည့် ကျောက်တောင်ရွာက မီးသတ်ကားနှင့်အတူ ရွာသားအချို့ မီးလာငြှိမ်းသတ်ပေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။ “အရင် တစ်ခါလောင်တဲ့နေရာနဲ့ နီးတယ်။ ပထမတစ်ခါ လောင်ထားတော့ မီးထပ်လောင်မှာကြောက်လို့ ပြီးခဲ့တဲ့အပတ်က ရွာသားတွေ အိမ်ပတ်ဝန်းကျင်တွေကို သွားရှင်းထားကြသေးတယ်။ အဲဒီလိုရှင်းထားတာတောင် လောင်တာဆိုတော့ ရှို့မီးပဲ ထင်တယ်” […]

ပုလော ရှပ်ပုံရွာလယ်တွင် နေအိမ်များ မီးလောင်

Dawei Watch

January 31, 2026

ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်၏ လုပ်ဆောင်မှုကြောင့် နေအိမ်များ မီးလောင်ကြောင်း ‌ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၃၁ရက် နေ့လယ်တွင် ရှပ်ပုံရွာ၏ ရွာအလယ်ပိုင်းကို နေအိမ်များ မီးလောင်ခြင်းဖြစ်ပြီး ည ၇နာရီဝန်းကျင်အထိ မီးမငြိမ်းသေးကြောင်း ဒေသခံများက ဆိုသည်။ ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်သားများသည် ပုလောမြို့နှင့်နီးသည့် ရွာအရှေ့ဘက်ပိုင်းတွင် နေရာယူထားပြီး ရွာ၏ အနောက်ဘက်ပိုင်းတွင် တော်လှန်ရေးတပ်များက နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာဘက်နှင့်နီးသည့် ဘက်ခြမ်းတွင် မီးလောင်ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ နေအိမ်များမှာ တစ်ဆောင်နှင့် တစ်ဆောင် နီးကပ်နေသဖြင့် မီးကူးမြန်ပြီး မီးပြင်းသဖြင့် မီးငြိမ်းသတ်ရန် ခက်ခဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အိမ်တွေက […]

ပုလောမြို့နယ် တိုရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီး

Dawei Watch

January 29, 2026

စစ်အာဏာရှင်တပ်သားများက မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာရှိ နေအိမ်များကို မနေ့ညက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၈ ရက် ညပိုင်းတွင် တိုရွာအနီး၌ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက တိုရွာရှိ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ “ညက ပစ်ခတ်မှု အနည်းငယ်ဖြစ်ပြီး တိုရွာကို မီးရှို့တယ်။ သူတို့ဘက်က တောက်လျှောက်ပစ်ပြီး မီးဆင်းရှို့တယ်လို့ ကြားရတယ်။ ရွာမှာ လူမနေတာတော့ ကြာပြီ။ ရွာထဲမှာ သူတို့ပဲရှိတော့ ဘယ်နှစ်အိမ် လောင်သွားလဲဆိုတာ မသိရသေးဘူး” ဟု အထက်ပါ နီးစပ်သူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစ၍ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသားများ […]

စစ်အာဏာရှင်တပ်က ခြေနင်းမိုင်းများထောင်ထားခဲ့၍ လေးမိုင်ရွာနှင့် ဖာနီရွာ ဒေသခံများစိုးရိမ်

Dawei Watch

January 29, 2026

စစ်အာဏာရှင်တပ်သားများ ထောင်ထားခဲ့သည့် ခြေနင်းမိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကြောင့် ကျန်မိုင်းများပေါက်ကွဲမည်ကို လေးမိုင်ရွာနှင့်ဖာနီရွာ ဒေသခံများက စိုးရိမ်နေကြသည်။ တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု လေးမိုင်ရွာနှင့် ဖာနီရွာမှ စစ်အာဏာရှင်တပ်စစ်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ပြန်ဆုတ်သွားပြီးနောက်၊ ဒေသခံအချို့မှာ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက် ဝန်းကျင်မှစ၍ ရွာတွင် ပြန်နေထိုင်နေကြခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၁ ရက်၊ ညနေ ၅ နာရီတွင် လေးမိုင်-ဒူးကြိုးရွာ၌ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတစ်ဦးက မိုင်းကို တုတ်ဖြင့် ထိုးရာမှ ပေါက်ကွဲပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် စစ်အာဏာရှင်တပ်ကမြှုပ်ထားသော နင်းမိုင်းများထပ်မံပေါက်ကွဲမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း လေးမိုင်ရွာသားတစ်ဦးက ဆိုသည်။ “မိုင်းက ရွာက အိမ်တွေအနီးမှာ တွေ့နေရသေးတယ်။ ကလေးရော လူကြီးပါ လျှောက်မသွားရဲကြတော့ဘူး။ […]

မြိတ်၊ ကျွဲကူးတွင် သမဝါယမဆိုင် မီးလောင်ပြီး အမျိုးသားတစ်ဦး သေဆုံး

Dawei Watch

January 28, 2026

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ်ပိုင်း၌ မီးလောင်မှုဖြစ်ပြီး အမျိုသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။ မီးလောင်သည့် အဆောက်အအုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးရှိ သမဝါယမအသင်းပိုင် စျေးဆိုင်ဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ နေ့လယ် ၂ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း၊ အဆောက်အအုံအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သေဆုံးသူမှာ ကျွဲကူးရွာဒေသခံမဟုတ်ဘဲ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ရွာမှ အမျိုးသားဖြစ်ကြောင်း အလောင်းသယ်ဆောင်ရန် ကူညီပေးခဲ့သည့် မြိတ်အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။ မီးလောင်ရသည့် အကြောင်းရင်းနှင့် မီးထဲပါသေဆုံးသူ၏ အချက်အလက်များကို မေးမြန်းနိုင်ရန် မြိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ […]

စစ်အာဏာရှင်တပ်က ပလမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့

Dawei Watch

January 27, 2026

ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ရပ်ကွက်ကို စစ်အာဏာရှင်တပ်က ယနေ့ (ဇန်နဝါရီ ၂၇) နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၀ ကျော်မီးလောင်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပလမြို့ရဲစခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ပြည်သူအချို့သာ နေထိုင်သည့် အမှတ် ၄ ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်သားတွေက ဟိုနားငါးအိမ်၊ ဒီနားငါးအိမ် တစ်ကွက်စီ ကွက်ကြား၊ ကွက်ကြား မီးလာရှို့ပြီး ပြန်ထွက်သွားတယ်။ တော်လှန်ရေးတပ်က မီးလာငြိမ်းပေးလိုက်တယ်။ ရွာထဲမှာက လူသိပ်မနေကြဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၄ ရက်မှ စကာ […]

မြိတ်တွင် မီးလောင်မှုဆက်တိုက်ဖြစ်ပွား

Dawei Watch

January 26, 2026

မြိတ်ခရိုင်အတွင်း ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းရွာနှင့် ကျွန်းစုမြို့နယ် အမှတ် (၂) ရပ်ကွက်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းတံတားအနီးရှိ ထရံကာ၊ ဓနိမိုး တန်းလျားတစ်ခုတွင် ကလေးမီးဆော့ကစားရာမှ မီးလောင်ခဲ့ပြီး ကျေးရွာမှ ရေကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ကျွန်းစုမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာလည်း ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ရသည့် အကြောင်းရင်းအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းကလည်း […]

ရွေးကောက်ပွဲနေ့ ပုလောမြို့ဝန်းကျင် ရွာများရှိ စစ်အာဏာရှင်တပ်ဂိတ်များကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

January 26, 2026

ပုလောမြို့နယ်တွင် ရွေးကောက်ပွဲနေ့က မြို့ပတ်ဝန်းကျင်က ကျေးရွာငါးရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့များကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။ ပုလောမြို့နယ်သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။ ပုလောမြို့၊ ပလောက်မြို့နှင့် ကျောက္ကာကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာအုပ်စု၊ သဲပုံကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ရွေးကောက်ပွဲနေ့ နံနက်စောစောမှစ၍ ည ၉နာရီခွဲအထိ ပု‌လောမြို့နယ် အတွင်းတွင် ငါးကြိမ်ထက်မနည်း ဝဲပျံခဲ့ကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တော်လှန်‌ရေးတပ်များသည် ပုလောမြို့ ပတ်ပတ်လည် ကုန်းမြေတစ်ဆက်တည်း ကျေးရွာများဖြစ်သည့် နန်းတောင်၊ မကျည်းကုန်း၊ မှော်ကြောင်းနှင့် တောင်ယာကမ်းရွာတို့တွင် ဂိတ်ချထားသည့် စစ်အာဏာရှင်တပ်သားများကို လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် […]