ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်အာဏာရှင်တပ်က တကူကျေးရွာကို လေကြောင်းမှ ဗုံးကြဲနေ၊ သေဆုံးဒဏ်ရာရသူများရှိ

Dawei Watch

March 10, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မတ် ၁၀) နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် စစ်အာဏာရှင်တပ်က တကူကျေးရွာ၊ အလယ်ပိုင်းရွာကို ဂျက်ဖိုက်တာ (Jet Fighter) ဖြင့် ဗုံးလေးလုံးကြဲချပြီး ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ နေ့လယ်တစ်နာရီအထိ ရရှိသော အချက်အလက်များအရ သေဆုံးသူ ၃ ဦးအထိရှိနေပြီဟု သိရသည်။ “လေကြောင်းနဲ့ ကွမ်းတောတွေထဲ လာကြဲသွားတာ။ ထိခိုက်တဲ့သူများပြီး သေတဲ့သူက ၃ ယောက်လို့တော့ သိထားရတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ သေဆုံးသူများထဲတွင် ဦးကျော်နိုင်မှာ ဦးခေါင်းတွင် […]

တနင်္သာရီ တဖီလေးခိုရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးသုံးဦးအပါ ခြောက်ဦးသေဆုံး

Dawei Watch

March 9, 2026

တနင်္သာရီမြို့နယ်၊ တဖီလေးခိုရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးအပါအဝင် ခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း KNU ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။ ယနေ့ မတ်လ ၉ရက် နေ့လည် ၁၂နာရီ ၃၀မိနစ်တွင် စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် တဖီလေးခိုရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အသက် ၁၁နှစ်အရွယ် ယောင်္ကျားလေး နှစ်ဦး၊ ၆ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက်၄၀နှစ် အမျိုးသား သုံးဦးသေဆုံးပြီး ၁၃နှစ်အရွယ် ယောင်္ကျားလေး သုံးဦးဒဏ်ရာရရှိကြောင်း ဖော်ပြသည်။ တဖီလေးခိုရွာသည် တနင်္သာရီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အောင်သာဝရရွာ၏ အောက်ဘက် သာရဇင်းရွာနှင့် သာရဇိုင်းရွာကြားတွင်ရှိပြီး […]

ကျွန်းစု ပင်လယ်ရွာများတွင် ဓာတ်ဆီဈေးသုံးဆနီးပါးမြင့်တက်

Dawei Watch

March 9, 2026

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ပတ်အတွင်း ဓာတ်ဆီဈေး သုံးဆနီးပါးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လယ်ကျေးရွာများတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ်ခုနစ်ထောင်ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ဒေသခံအချို့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကမူ ဓာတ်ဆီတစ်လီတာကို ၂၇၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။ ၎င်းဈေးနှုန်းသည် ကျေးရွာများရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် 92 အမျိုးအစား ဓာတ်ဆီဈေးနူန်းဖြစ်သည်။ ကျွန်းစုမြို့နယ်၏ နယ်မြေအများစုက ပင်လယ်အတွင်းရှိ ကျွန်းများဖြစ်သည့်အတွက် ခရီးသွားလာရာတွင် စက်လှေ၊ အမြန်ရေယာဉ်ဖြင့် အဓိကသွားလာရသလို ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူလည်း များသည်။ လက်ရှိတွင် စက်သုံးဆီဈေးတက်လာသည့်အတွက် ငါးဖမ်းလုပ်ငန်းအပေါ်သက်ရောက်မှုများပြီး ဝမ်းစာရေးအတွက် အခက်အခဲကြီးမားကြောင်း ကျွန်းစုမြို့နယ် ‌ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ “ဆီဈေးထပ်တက်လာမှာကို တော်တော်ကြောက်တယ်။အခုအခြေအနေနဲ့တောင် ငါးဖမ်းလို့ရတာနဲ့ ဆီဈေးအပြင် စရိတ်စကနဲ့ တွက်လိုက်ရင် မကျန်ဘူး။ ဒီတော့ […]

တနင်္သာရီ ကမ်းတိုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

March 9, 2026

တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ဆန်စက်တစ်လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၈ရက် ညနေ ၃နာရီတွင် မော်တုန်းကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၃၀၆ အမြောက်တပ်ရင်း ဒရုန်းဖြင့် ကမ်းတိုရွာကို ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဆန်စက်ရုံသည် မြိတ်-တနင်္သာရီပြည်ထောင်စု လမ်းမနံဘေးတွင် တည်ရှိကြောင်း ၎င်းက ဆိုသည်။ “စက်ရုံ အမိုးပျက်စီးသွားတယ်။ အထဲက ဘာတွေ ပျက်စီးသွားလဲတော့ မသိရသေးဘူး။ တစ်ယောက်မှ ဝင်ကြည့်မရဲ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ကမ်းတိုရွာတွင် ‌တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သာများ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများနေအိမ်တွင် မနေသည်မှာ ၂နှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ်သည် […]

စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် တောင်ပုရွာက အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

March 7, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံအမျိုးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။ တောင်ပုရွာ ရွှေကြက်ယက်ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် မတ်လ ၆ ရက် ည ၁၀နာရီခွဲတွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး တောင်ပုရွာသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လက်နှင့် ပေါင်တို့တွင် ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။ “လက်နက်ကြီး(ကျည်)က နေအိမ်တစ်ဆောင်ပေါ်ကို ကျပြီး အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ်။ မြိတ်ဆေးရုံကို ပို့လိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ လက်နက်ကြီးကျည်တစ်လုံးမှာ နေအိမ်ကို ထိမှန်ခြင်းဖြစ်ပြီး […]

ပန်းချီဆရာကြီး ဗဂျီအောင်တင်(မြိတ်) ကွယ်လွန်

Dawei Watch

March 7, 2026

မြိတ်ဒေသခံ ပန်းချီဆရာကြီး တစ်ဦးဖြစ်သည့် ဗဂျီအောင်တင် (မြိတ်) သည် မတ်လ ၅ ရက်နေ့ ညနေပိုင်းက မြိတ်မြို့ ၊ သာကေတရပ် နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မြိတ်ဒေသခံ စာပေနှင့်အနုပညာအသိုင်းအဝိုင်းထံမှ သိရသည် ။ ဗဂျီအောင်တင်သည် ကွယ်လွန်ချိန်၌ အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်သည် ။ ၎င်းသည် မြန်မာ့ပန်းချီကျော် ဦးသိန်းဟန် ၏ တပည့်တစ်ဦး ဖြစ်ပြီး မြိတ်တွင်ရုပ်ရှင်ပိုစတာများနှင့် အခမ်းအနားနောက်ခံ ပန်းချီကားချပ်ကြီးများစွာကို ရေးဆွဲခဲ့သူဖြစ်သည် ။ ယင်းအပြင် မြိတ်မဂ္ဂဇင်း ထုတ်ဝေရာ၌လည်း ပန်းချီပညာဆိုင်ရာ ကော်မတီဝင်အဖြစ်ပါဝင်ခဲ့ပြီး ၊ မြိတ်တွင်ကျင်းပသည့် ပန်းချီပြိုင်ပွဲများ၌ အကဲဖြတ်ဒိုင်အဖြစ်တာဝန်ယူခဲ့သူ တစ်ဦးလည်း ဖြစ်သည် ။ ဗဂျီအောင်တင် ၏ စျာပနကို ယနေ့ မတ်လ […]

တနင်္သာရီ ခြောက်မိုင်ရွာသို့ ရောက်နေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

March 6, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်နှင့် မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တို့ အရ သိရသည်။ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၄ ရက် ညနေ ၃နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်က အရာရှိအပါအဝင် လေးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က သုံးဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်ထံမှ သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကို တွေ့ရသည်။ စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သားများသည် မတ်လ ၄ရက် […]

မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ

Dawei Watch

March 5, 2026

မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။ အုန်းဆီပြုလုပ်ရာတွင် အသုံးပြုသည့် အုန်းသားခြောက် တစ်ပိဿာဈေးနှုန်းမှာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင် ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်-ထားဝယ်လမ်းတွင် တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် သယ်ယူရခက်ခဲနေသဖြင့် အုန်းသားခြောက် ဈေးကျနေခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် အုန်းသားခြောက်လုပ်နေသူတစ်ဦးက ဆိုသည်။ မြိတ်မြို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် လေးထောင်အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၁၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိတော့ကြောင်းအုန်းသီးကုန်သည်အချို့ထံမှ သိရသည်။ “အုန်းသီးဈေးတွေ ပြန်ကျသွားတော့ အုန်းသားခြောက်ဈေးလည်း ပြန်ကျလာတယ်ဗျ။ အရင်က လှန်းထားတဲ့ဟာတွေ ဈေးကောင်း မရတော့ဘူး။ ရန်ကုန်ကို ပို့မယ်လုပ်ထားတာ ကားလမ်းပိတ်နေတာနဲ့ ဈေးကျတာနဲ့ […]