ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

လေညာ-ရတနာပုံလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ဒေသခံသုံးဦးဒဏ်ရာရ

Dawei Watch

March 30, 2026

ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ‌ပြည်ကြီးမဏ္ဍိုင်မြို့ခံသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းတွင် မတ်လပထမအပတ်ကစပြီး တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ မတ် ၂၉ ရက် နံနက် ၇ နာရီဝန်းကျင်တွင် လေညာရွာအခြေစိုက် စစ်အာဏာရှင်တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးက ပြည်ကြီးမဏ္ဍိုင်မြို့ရှိ နေအိမ်တစ်ဆာင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ လေညာကျေးရွာနှင့် ပြည်ကြီးမဏ္ဍိုင်မြို့မှာ ၂ မိုင်ခန့်ကွာဝေးသည်။ “လက်နက်ကြီးကတော့ နေ့တိုင်းနီးပါးပစ်နေတာပဲ။ ဒီတစ်ကြိမ်ကတော့ ဘယ်လိုရမ်းသမ်းပြီး ပစ်လိုက်လဲမသိဘူး။ ကလေးလည်းထိတယ်။ သူ့အမေလည်း ထိတယ်။တခြား လူ‌တစ်ယောက်လည်းထိသွားတယ်”ဟု လေညာရွာနေ ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်အရွယ်မိခင်တို့ လက်၊ဦးခေါင်းနှင့် […]

တနင်္သာရီ တကူရွာအုပ်စုကို စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

Dawei Watch

March 27, 2026

စစ်အာဏာရှင်တပ်သည် ရွာမရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်နေသည်မှာ ၇စီး အထိ ရှိလာပြီး တစ်ကြိမ်တိုက်ခိုက်လျှင် တစ်စီး သို့မဟုတ် နှစ်စီးဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများက ဆိုသည်။

မြိတ် သကန်တောင်ပုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ရွာသားတစ်ဦးဒဏ်ရာရ

Dawei Watch

March 26, 2026

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ပြီး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အိမ်လည်းပျက်စီးပြီး လူလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။

တနင်္သာရီ တကူအုပ်စုကို စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်မှု ခြောက်ကြိမ်အထိရှိလာ

Dawei Watch

March 25, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်မှု ခြောက်ကြိမ်အထိ ရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။ ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် ၅၅၆ ခြေမြန်တပ်ရင်းက မတ်လ ၂၄ရက် နေ့လယ် ၁၂နာရီဝန်းကျင် တကူကျေးရွာအုပ်စု ရွာမကျေးရွာကို ကာမီကာဇေဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “(ပေါက်ကွဲသံ) အသံက အရင်ကထက် ပိုကျယ်တယ်။ ထိခိုက်တာ မရှိဘူးလို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ရွာမကျေးရွာနှင့် အလယ်ပိုင်းကျေးရွာတို့ကို အများဆုံး တိုက်ခိုက်ခဲ့ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။ ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက်တိုက်ခိုက်ဖောက်ခွဲခြင်းဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။ စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကာမီကာဇေဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနောက် […]

မြိတ် သကန်တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်‌ရေးတပ်များတိုက်ခိုက်

Dawei Watch

March 24, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုရွာအနီး ကြက်ယက်ကန်းဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်‌ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ မတ်လ ၂၃ရက် နံနက် ၈နာရီတွင် ဝင်‌ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “(စစ်အာဏာရှင်တပ်) ဘက်က အထိအခိုက်ရှိပေမယ့် အသေးစိတ် မသိရသေးဘူး။ တပ်စွဲထားတဲ့ (စစ်အာဏာရှင် တပ်ဖွဲ့ဝင်) တွေကို ဝင်ရောက်တိုက်ခိုက်တာပါ” ဟု ၎င်းက ဆိုသည်။ စစ်အာဏာရှင်တပ်သည် ည ၈နာရီတွင် ရွာကို ကင်းထောက်ဒရုန်းများဖြင့် ကြည့်၍ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ညမှ လက်နက်ကြီး ပြန်ပစ်နေတယ်။ ဒရုန်းတွေနဲ့ […]

ဒီဇယ်ဆီ ဈေးတက်လာ၍ သိန္ဒောရွာတွင် ခဲတူးဖော်နေသည့် စက်များရပ်ထား

Dawei Watch

March 21, 2026

ဒီဇယ်များစျေးတက်လာ၍ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် ခဲတူးဖော်နေသည့် စက်များရပ်ထားရကြောင်း ‌ဒေသခံများနှင့် ခဲတူးဖော်နေသည့်သူများထံမှ သိရသည်။ ဒီဇယ်ဆီ ဝယ်၍ရသော်လည်း စျေးကြီးသဖြင့် အလုပ်ရပ်နားထားခြင်းဖြစ်ပြီး ဆီစျေးအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်လုပ်ကိုင်မည် ဖြစ်ကြောင်း ခဲလုပ်သားတစ်ဦးက ဆိုသည်။ “ဆီတွေက စျေးတက်လည်း ဝယ်ဖို့ရှိတယ်။ ‌စျေးကြီးလို့ နားထားတယ်။ သုံးလေးရက်ဖြစ်ပြီ နားနေတာ။စျေးခြေနေကို စောင့်ကြည့်နေတယ်”ဟု ၎င်းက ပြောသည်။ ခဲတစ်ပိဿာမှာ တစ်သိန်းကျပ်ဝန်းကျင်သာရသဖြင့် ယခုဒီဇယ်စျေးဖြင့် ဆက်လုပ်ပါက အရှုံးပေါ်နိုင်၍ ရပ်ထားခြင်းဖြစ်ကြောင်း စက်တူးသမားတစ်ဦးက ဆိုသည်။ ဒီဇယ် တစ်ပီပါကို ယခင်က ကျပ်ခြောက်သိန်းခွဲသာ ပေးရသော်လည်း လက်ရှိတွင် တစ်ပီပါ ကျပ် ၁၄ သိန်းမှ ၁၈ သိန်း ဝန်းကျင်ဖြင့် တက်လိုက်၊ကျလိုက်ဖြစ်နေကြောင်း ‌ဒေသခံများက ဆိုသည်။ သိန္ဓောရွာခဲလုပ်ကွက်များတွင် စက်ဖြင့် တူးဖော်သူများ၊ […]

ဓာတ်ဆီပြတ်သောကြောင့် တနင်္သာရီရှိ စစ်ဘေးရှောင်များထံ ရိက္ခာ၊ ဆေးဝါး ပို့ရန်ကြန့်ကြာ

Dawei Watch

March 20, 2026

စက်သုံးဆီပြတ်လပ်မှုကြောင့် တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များထံ ရိက္ခာများ၊ ဆေးဝါးများနှင့် လိုအပ်သည့် အခြားပစ္စည်းများကို ပို့ဆောင်ရာတွင် ကြန့်ကြာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။ မတ်လ ၇ရက်မှစ၍ စက်သုံးဆီ ပြတ်လပ်သဖြင့် စျေးကြီးပေး၍ ဝယ်ယူသုံးစွဲနေရကြောင်း စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောဆိုသည်။ ဓာတ်ဆီပြတ်သွားလျှင် ပို့ဆောင်ရန်ကြန့်ကြာပြီး စက်သုံးဆီရသည့် အချိန်မှသာ ပေါင်းပြီးပို့ရကြောင်း စစ်ရှောင် အရေးကူညီနေသည့် ခုနှစ်စင်ကြယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဝေးလံသည့် နေရာများကို ပို့ဆောင်ရာတွင် ဓာတ်ဆီပြတ်လပ်မှုကို ကြုံရ၍ အရေးပေါ်ရိက္ခာနှင့် ဆေးဝါးများကို မပို့ဆောင်နိုင်လျှင် စစ်ဘေးရှောင်များ၏ ကျန်းမာရေးပိုဆိုးဝါးစေသည့် ဘေးထွက်ဆိုးကျိုးများ ကြုံရကြောင်း ၎င်းက ဆိုသည်။ “အချို့လှေနဲ့သွားရင် ဆီမရှိအခါမျိုးဆို တစ်စီးတည်းသွား မနိုင်ဘဲနဲ့ အကုန်လုံး စုပြီးသွားကြတာမျိုးဖြစ်လာတယ်။ တချို့ဆို နီးနီးနားနားဖြစ်ရင်တောင် စက်ခုတ်ပြီးမသွားတော့ဘဲနဲ့ လှော်တက်နဲ့လှော်ပြီးသွားလာရတဲ့ […]

မြိတ်-ထားဝယ်ကားလမ်းပိတ်စဥ် ပျောက်ဆုံးသည့် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်အထိ အဆက်အသွယ်မရ

Dawei Watch

March 20, 2026

မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်၍ လမ်းပိတ်နေစဥ် ဖေဖော်ဝါရီလက ပျောက်ဆုံးခဲ့သည့် အသက် ၂၀ ဝန်းကျင် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ကာယကံရှင်၏ မိသားစုနှင့် နီးစပ်သူများ ထံမှ သိရသည်။ ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကိုဘုန်းနိုင်အောင်နှင့် ၎င်း၏သူငယ်ချင်း ကိုချမ်းမြေ့ပိုင်တို့ဖြစ်ကြပြီး ထားဝယ်မှ မြိတ်သို့ ပြန်လာစဥ် သရက်ချောင်းမြို့တွင် အဆက်အသွယ်ပြတ်သွားကြောင်း ကိုဘုန်းနိုင်အောင်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ကားလမ်းပိတ်သဖြင့် သရက်ချောင်းမြို့၊ တပ်ရာကုန်းဘုန်းကြီးကျောင်းတွင် အခြားခရီးသည်များနှင့်အတူ တည်းခိုနေ သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဖုန်းဖြင့် နောက်ဆုံးအဆက်အသွယ်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက် ၎င်းတို့နှစ်ဦးစလုံး၏ ဖုန်းနှင့် လူမှုကွန်ရက်အကောင့်များအားလုံး ယနေ့ မတ်လ ၂၀ရက်အထိ ဆက်သွယ်၍ မရတော့ကြောင်း မိသားစုထံမှ […]