ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

June 25, 2026

မြိတ်မြို့၊ ချောင်းကူးငယ် ရပ်ကွက်တွင် ဇွန်လ ၂၄ ရက် နေ့လယ်ပိုင်းက လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ်၌ပင် ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း ၎င်းတို့ကဆိုသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မြိတ်မြို့အခြေစိုက် ပါရမီနာရေးကူညီမှုအသင်းက မြိတ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ “နေ့လယ်ထမင်းစားချိန် (၁၁နာရီခွဲ ဝန်းကျင်) လောက်မှ ကြိုးဆွဲချတာကို တွေ့ပြီး ရပ်ကွက်က အကြောင်းကြားလို့ သွားသယ်ပေးတာ ။ ဖြစ်တာက အဲဒီထက်စောလိမ့်မယ်” ဟု ပါရမီနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။ မည့်သည်အကြောင်းအရင်းကြောင့်ကြိုးဆွဲချသေဆုံးသည်ကိုမူ မသိရသေးပေ။ ဇွန်လ ၁၉ ရက်ကလည်း မြိတ်မြို့၊ မြိတ်တောင်နယ်မြေ တွင် အသက် ၂၇ အရွယ် လူငယ်အမျိုးသား […]

မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ နေအိမ်တစ်အိမ် နေခင်းဘက် သူခိုးတက်

Dawei Watch

June 24, 2026

မြိတ်မြို့ ၊ ကန်ဖျားလမ်းမကြီးပေါ်ရှိ ကြံတောရပ်ကွက်က နေအိမ်တစ်အိမ်တွင် ယမန်နေ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင် တွင် သူခိုးတက်ခဲ့ကြောင်း မြို့ခံများထံမှသိရသည် ။ နေအိမ်၌ အိမ်ရှင်အမျိုးသမီးတစ်ဦးတည်းရှိနေချိန် နေအိမ်အောက်ထက် အနောက်ဘက်တံခါးကို ဖောက်၍ သူခိုးဝင်လာခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည် ။ “အိမ်ရှင်က အခန်း(အိပ်ခန်း)ထဲကနေ ခြေသံကြားလို့ ထွက်ကြည့်တာ၊ ဘုရားခန်းမှာသူခိုးက ပစ္စည်းရှာနေတာတွေ့လို့ ဝရံတာကို ထွက်ပြေးပြီး လမ်းကလူတွေကို အကူအညီတောင်းတာ၊ သူခိုးကထွက်ပြေးသွားတယ် ” ဟု ဖြစ်စဥ်အနီး ရှိခဲ့သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည် ။ အိမ်ရှင်က အကူအညီတောင်းခံသဖြင့် လမ်းသွားလမ်းလာများ နှင့် ရပ်ကွက်နေသူများက ရောက်ရှိလာသောကြောင့် သူခိုးထွက်ပြေးသဖြင့် မည်သည့်ပစ္စည်းမျှ ခိုးယူခံခဲ့ရခြင်းမရှိကြောင်း ၎င်းက […]

တနင်္သာရီတွင် ဟင်းရွက်ခူးစဉ် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ သားနှင့် တူမတို့ဒဏ်ရာရ

Dawei Watch

June 21, 2026

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာက ဒေသခံမိသားစုဝင်သုံးဦး ဥယျာဥ်ခြံထဲသို့ ဟင်းရွက်သွားခူးပြီး ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သားနှင့် တူမတို့ နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် ဆွေမျိုး‌တော်စပ်သူများထံမှ သိရသည်။ ဇွန် ၁၉ ရက် နံနက်က ကမ္မလိုင်းရွာနှင့် တမုတ်ချုံးရွာကြားရှိ ဥယျာဥ်ခြံထဲသို့ သွားပြီး အပြန် ပြည်ထောင်စု လမ်းမကြီးနံဘေးတွင် ဟင်းရွက်ဝင်ခူးစဥ် မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တညင်ရွက် သွားကောက် (ခူး) နေကျပဲ။ သူတို့ အခုထိတာက သူများခြံထဲမှာ ထိသွားတယ်။ သူတို့ခြံမှာက ကွမ်းသီးနု ကောက် (ခူး) ရောင်းဖို့ကြည့်ပြီး အပြန်မှာထိသွားတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ မိုင်းနင်းမိပြီး ‌‌‌ဒေါ်ကြူကြူခိုင်သည် သေဆုံးသွားပြီး အသက် ၁၅နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရသလို […]

မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

June 20, 2026

မြိတ်မြို့ ၊ မြိတ်တောင်နယ်မြေ ၊ မြို့မ ၂ ရပ်ကွက်တွင် ဇွန်လ ၁၉ ရက်က လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း မြို့ခံများက ပြောသည်။ သေဆုံးသူသည် ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ နေအိမ်ဝန်းကျင်၌ပင် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်နေသူ တစ်ဦးက ပြောဆိုသည်။ သေဆုံးသူသည် မြို့မ ၂ ရပ်ကွက်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့လာသည်မှာ မကြာသေးကြောင်း ၎င်းက ပြောသည်။ အဆိုပါအမျိုးသားတွင် ဇနီးနှင့် သမီးငယ်တစ်ဦးကျန်ခဲ့ကြောင်း ရပ်ကွက်နေသူက ဆိုသည်။ မြိတ်မြို့တွင် မေလ ၁၄ ရက် ညကလည်း Grade 11 ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ […]

စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုးလာသဖြင့် တိုက်ပွဲထပ်ဖြစ်

Dawei Watch

June 19, 2026

ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာသို့ စစ်အာဏာရှင်တပ်သားများ ဒုတိယအကြိမ် စစ်ကြောင်းထပ်ထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်‌ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၄)၊ တပ်ရင်း (၂၀၃)၊ တပ်ခွဲ (၄) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဇွန်လ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများသည် ချောင်းမွန်ကျေးရွာအနီး (ဒေသအခေါ် R-0) သို့ စစ်ကြောင်းထိုးလာပြီး တော်လှန်‌‌ရေးတပ်များနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကာ အထိနာ၍ ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ပြန်ဆုတ်သွားသည့် စစ်ကြောင်းသည် ၁၈ ရက်နေ့တွင် အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် ချောင်းမွန်ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း […]

ဘုတ်ပြင်း လေညာ-ရတနာပုံလမ်းတွင် လချီကြာ တိုက်ပွဲဖြစ်

Dawei Watch

June 18, 2026

ဘုတ်ပြင်းမြို့နယ်ရှိ လေညာ-ရတနာပုံလမ်းပိုင်းကို စစ်အာဏာရှင်တပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် လနှင့်ချီကြာတိုက်ပွဲဖြစ်နေကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။ ယခုနှစ် သင်္ကြန်ပွဲတော်ပြီးချိန်မှစကာ အင်အား ၅၀၀ ခန့်ဖြင့် ဒုတိယအကြိမ် စစ်ကြောင်းထပ်ထိုးလာသည့်အတွက် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ ကိုလူစစ်နိုင်က ဆိုသည်။ အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကော်သူးလေ တပ်မတော်(KTLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ) က ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။ “ပူးပေါင်းပြီး ခုခံတဲ့အတွက် တိုက်ပွဲအရေအတွက်ကတော့ နေ့စဉ်နီးပါးဖြစ်နေတာမလို့ အကြိမ်ရေ အတော်များပါတယ်”ဟု ဒုတာဝန်ခံ ကိုလူစစ်နိုင်က ဆိုသည်။ လက်ရှိတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များက လေညာ-ရတနာပုံလမ်းပေါ်ရှိ တစ်မိုင်ခွဲနေရာမှ ဆယ်မိုင်ကြား လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်နေကြောင်း ၎င်းက ပြောသည်။ […]

ဘုတ်ပြင်းတွင် စစ်အာဏာရှင်တပ်သား ငါးဦးထွက်ပြေး၊ ပစ်ခတ်ဖမ်းဆီးသဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦးပြန်အဖမ်းခံရ

Dawei Watch

June 17, 2026

ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအုပ်စုတွင် ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်က တပ်ဖွဲ့ဝင် ငါးဦးထွက်ပြေးရာ ပစ်ခတ်ဖမ်းဆီးခံရသဖြင့် နှစ်ဦးသေဆုံးကာ သုံးဦးပြန်လည်ဖမ်းဆီးခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။ လေညာကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၉ ခြေမြန်တပ်ရင်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား နှစ်ရာကျော်သည် ဘန်ဂလားကျေးရွာအုပ်စုသို့ လွန်ခဲ့သည့် သုံးလခန့်က ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ဘန်ဂလားတောင်ခြေတွင် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များအနက် ငါးဦးသည် လက်နက်နှင့်အတူ ဇွန်လ ၁၆ရက် မွန်းလွဲ ၃နာရီခွဲတွင် ထွက်ပြေးကြောင်း ဒေသခံအချို့က ဆိုသည်။ ၎င်းတို့ငါးဦးကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးသေဆုံးပြီး သုံးဦးပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အနောက်ကနေ ပစ်ပြီးလိုက်ဖမ်းတော့ သုံးဦးအရှင်မိပြီး နှစ်ဦးသေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံ […]

တနင်္သာရီ မော်တုန်းရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့် နှစ်ရက်ဆက်ဗုံးချ

Dawei Watch

June 16, 2026

ယနေ့တွင်လည်း စစ်အာဏာရှင်တပ်က ဒရုန်းတစ်စီး မော်တုန်းရွာသို့ လာရောက် ကင်းထောက်ပျံဝဲကြောင်း ဆိုသည်။