ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

June 25, 2026

မြိတ်မြို့၊ ချောင်းကူးငယ် ရပ်ကွက်တွင် ဇွန်လ ၂၄ ရက် နေ့လယ်ပိုင်းက လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။

သေဆုံးသူသည် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ်၌ပင် ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း ၎င်းတို့ကဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြိတ်မြို့အခြေစိုက် ပါရမီနာရေးကူညီမှုအသင်းက မြိတ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“နေ့လယ်ထမင်းစားချိန် (၁၁နာရီခွဲ ဝန်းကျင်) လောက်မှ ကြိုးဆွဲချတာကို တွေ့ပြီး ရပ်ကွက်က အကြောင်းကြားလို့ သွားသယ်ပေးတာ ။ ဖြစ်တာက အဲဒီထက်စောလိမ့်မယ်” ဟု ပါရမီနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

မည့်သည်အကြောင်းအရင်းကြောင့်ကြိုးဆွဲချသေဆုံးသည်ကိုမူ မသိရသေးပေ။

ဇွန်လ ၁၉ ရက်ကလည်း မြိတ်မြို့၊ မြိတ်တောင်နယ်မြေ တွင် အသက် ၂၇ အရွယ် လူငယ်အမျိုးသား တစ်ဦးကြိုးဆွဲချသေဆုံးခဲ့သဖြင့် ယခုလအတွင်း မြိတ်မြို့ တွင် ကြိုးဆွဲချ၍ သေဆုံးနေသူနှစ်ဦးရှိပြီဖြစ်သည်။

ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ နှစ်ဝက်အတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ကြိုးဆွဲချ၍ သေဆုံးသူ အမျိုးသားခြောက်ဦး ရှိကြောင်း Dawei Watch ကပြုစုထားသည့် အချက်အလက်များအရသိရသည်။