ထားဝယ်က ရွေ့လျားဈေးသည်များ၏ ဈေးဝယ်ရသည့်ဒုက္ခ
Dawei Watch
July 12, 2023ထားဝယ်မြို့ကမ်းနားဈေးတွင် နေ့စဉ် နံနက် ၄ နာရီနောက်ပိုင်း အလုအယက်ဈေးဝယ်သူများဖြင့် တိုးကြိတ်နေလေ့ရှိသည်။ ကမ်းနားဈေးတွင်ဝယ်ပြီး နယ်ကျေးရွာများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြမည့် သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် ရွေ့လျားဈေးသည်များက အလုအယက်တိုးဝှေ့ဝယ်ယူနေကြရခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့အဝင်အထွက်ဂိတ်လေးခုစလုံးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်ဖွင့်ပြီး တင်းကျပ်လိုက်သည်။ မြို့အဝင်စစ်ဆေးရေးဂိတ်များကို နေ့စဉ် နံနက် ၄နာရီအချိန်မှ တစ်ပြိုင်တည်းဖွင့်ပေးပြီး ဖြတ်သန်းသွားလာခွင့် ပြုသည်။ နယ်မှတက်လာသည့် ဈေးသည်များမှ မနက် ၃ နာရီဝန်းကျင်ကတည်းက စစ်ဆေးရေးဂိတ်များတွင် စုပြုံပြီး ဂိတ်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။ ဂိတ်ဖွင့်သည်နှင့် တစ်ပြိုင်နက် သူ့ထက်ငါအရင် အလုအယက်ဂိတ်ကိုဖြတ်ပြီး ကမ်းနားဈေးတွင် ဈေးသွားဝယ်ကြရသည်။ ဈေးဝယ်နောက်ကျပါက နယ်ကျေးရွာများသို့ အရောက်နောက်ကျပြီး သား၊ ငါးများ ပုပ်သိုးသွားနိုင်ခြင်း၊ ဟင်းသီးဟင်းရွက်များ ညှိုးနွမ်းသွားခြင်းတို့ကြောင့် သတ်မှတ်ဈေးမရတော့ဘဲ အရင်းအနှီး ဆုံးနိုင်သဖြင့် အလုအယက် […]


