ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ

ကလေးသင်္ကြန်စတင်သည့်နေ့ ထားဝယ်မြို့ မြင်ကွင်းများ

diz_admin

April 11, 2022

ကလေးသင်္ကြန်စတင်သည့်နေ့ ထားဝယ်မြို့ မြင်ကွင်းများကို ယနေ့ (ဧပြီ ၁၁) နေ့လယ်ပိုင်းက တွေ့မြင်ရခြင်း ဖြစ်သည်။ ဓာတ်ပုံ – Dawei Watch

အသံတိတ်နေသည့် သရက်ချောင်းမြို့

diz_admin

February 1, 2022

သရက်ချောင်းမြို့ရှိ လမ်းများတွင် ယနေ့ (ဖေဖော်ဝါရီ ၁) အသွားအလာတိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသည်။ ယနေ့ နိုင်ငံတစ်ဝန်းတွင် အသံတိတ်သပိတ်ပြုလုပ်နေကြသည်။

အသွားအလာ တိတ်ဆိတ်နေသည့် ကလိန်အောင်မြို့

diz_admin

February 1, 2022

နိုင်ငံတဝန်း အသံတိတ် သပိတ်ပြုလုပ်နေကြသည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ကလိန်အောင်မြို့၌လည်း လမ်းများတွင် အသွားအလာ တိတ်ဆိတ်နေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

မြိတ်မြို့ အသံတိတ်သပိတ်

diz_admin

February 1, 2022

မြိတ်မြို့တွင် ပြည်သူများ ယနေ့ (ဖေဖော်ဝါရီ ၁) အသံတိတ်သပိတ် ပြုလုပ်နေကြသဖြင့် မြိတ်မြို့ပေါ်ရှိ လမ်းများတွင် အသွားအလာ တိတ်ဆိတ်နေသည်ကို နံနက် ၁၁ နာရီဝန်းကျင်တွင် တွေ့မြင်ရခြင်းဖြစ်သည်။

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

February 1, 2022

ထားဝယ်မြို့ လမ်းများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၉ နာရီခွဲတွင် တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) လုပ်နေကြခြင်း ဖြစ်သည်။

‘အာဏာရှင်ကိုပုန်ကုန် ကရင်နီပြည်လိုတော်လှန်’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များ ဆန္ဒထုတ်ဖော်

diz_admin

January 15, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများနှင့် လူငယ်များက ‘အာဏာရှင်ကိုပုန်ကန် ကရင်နီပြည်လိုတော်လှန်’ ကြွေးကြော်သံဖြင့် ဇန်နဝါရီလ ၁၅ရက်၊ အာရုဏ်ဦးအချိန်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

diz_admin

January 6, 2022

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။ ‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

diz_admin

January 4, 2022

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ မြိတ်မြို့ အခြားနေရာအချို့တွင်လည်း အားကစားပြိုင်ပွဲအချို့ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပကြပြီး ဝင်ပြိုင်သူ နည်းပါးကာ လာရောက်အားပေးသူလည်း အလွန်နည်းကြောင်း မြို့ခံများထံမှ သိရသည်။