ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါခေတ်သစ်မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်ပါပြီ။ ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ ဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာလည်း လွှတ်တော် နေရာ ၄၃ နေရာစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအကြား တနင်္သာရီတိုင်းမှာ မဲပေးသူ ရာခိုင်နှုန်း ၆၆.၅ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကို မျက်ကွယ်ပြုပြီး စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် ကိုးလကျော်အကြာအတွင်း အမျိုးမျိုးသော အာဏာသိမ်းဆန့်ကျင်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာ မရေရာမှုတွေနဲ့ ဆက်သွားနေရဆဲပါ။
မြိတ်မြို့တစ်ဖက်ကမ်း ပထက်ကျေးရွာရှိ ရှင်သာလျောင်းဘုရားတွင် ဘုရားဖူးလာသူများအား နိဗ္မာန်ဈေးအလှူပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းကို သီတင်းကျွတ်လပြည့်နေ့က မြိတ်မြို့နယ်သွေးသစ်ပရဟိတလူငယ်များအဖွဲ့မှပြုလုပ်ခဲ့သည်။ Photo-သွေးသစ်ပရဟိတလူငယ်များအဖွဲ့
လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် သီတင်းကျွတ်လပြည့်နေ့ ထားဝယ်ရိုးရာသပိတ်မျှောနေသည့်မြင်ကွင်းများ။ ဓာတ်ပုံ – Dawei Watch
သီတင်းကျွတ်လပြည့်နေ့ တွင် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီး၌ ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch
သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch
ထားဝယ်ဒေသမှာ နှစ်ဆယ်ချီပျောက်ကွယ်နေတဲ့ သီတင်းကျွတ်မီးအိမ်လှည်းလေးတွေ တစ်ကျော့ပြန် ပေါ်လာပါပြီ။ ဝါး၊ ဆီစိမ်စက္ကူကို အခြေခံလုပ်ထားတဲ့ မီးအိမ်လှည်းတွေဟာ အခုဆိုရင် ရောင်းမလောက်အောင် ဖြစ်နေပါတယ်။ လိပ်ပြာရုပ်၊ ဆင်ရုပ်၊ ယုန်ရုပ်စတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ မီးအိမ်လှည်းလေးတွေဟာ သီတင်းကျွတ်ကာလမှာ ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် ကစားလေ့ရှိတာပါ။