UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ မလေးရှားနိုင်ငံဆီကို ဒီညနေမှာပဲ ရောက်ရှိလို့ လာခဲ့ပါပြီ။
မလေးရှားနိုင်ငံမှာရှိတဲ့ Chin Refugee Committee (CRC) အသင်းရဲ့အလှမယ်တွေနဲ့အတူ ပရိသတ်ပေါင်းများစွာက ဂျိုရှူအာဗန် ကို သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုခဲ့ပါတယ်။
UFC ချန်ပီယံ ချင်းဖိုက်တာလေး ဂျိုရှုအာဗန် ဟာ မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တက်ရောက်ဖို့အတွက် ရောက်လာခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းလည်း ဒီအခမ်းအနားမှာ ပါဝင် သီဆိုဖျော်ဖြေပေးဖို့ မလေးရှားနိုင်ငံဆီ ရောက်နေပြီပဲဖြစ်ပါတယ်။
မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမယ့် မေလ ၂၇ ရက်နေ့ရောက်ရင် မလေးရှားနိုင်ငံ၊ ကွာလမ်လမ်ပူမြို့ဆီက Jalan Loke Yew မှာရှိတဲ့ SIK (C) Chung kwo ကျောင်းခန်းမမှာ မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။


















ဂျိူရှူအာဗန် ဟာ ဒီအခမ်းအနားဆီကို ဖိတ်ကြားခံ အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်ပေးဖို့ ဖိတ်ကြားခံခဲ့ရတာဖြစ်ကြောင်း သတင်းကြားသိရပါတယ်။
မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ အများပြည်သူအားလပ်ရက်ဖြစ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အားလုံး လာရောက်အားပေးကြဖို့ Chin Refugee Committee (CRC) အသင်းက ဖိတ်ခေါ်ထားပါတယ်။





