ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

ဘီးလင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း နေအိမ်နှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီး

Dawei Watch

July 22, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်၊ ကားနှင့် အဖိုးတန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။ စစ်အာဏာရှင် အမှတ် (၄၄)ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ (၈) ၊ ပျူစောထီးအဖွဲ့နှင့် အမှတ် (၃၁၄) အမြောက်တပ်ရင်းတို့ ပူးပေါင်းအင်အား တစ်ရာကျော်ဖြင့် ဇူလိုင်လ ၅ရက်ကစပြီး ဘီးလင်းမြို့နယ်၊ ဒေါရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာနှင့် ကဒီပုကျေးရွာအုပ်စု၊ ကြက်ခြေခတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။ ယင်းနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများ၏ ကုန်ပစ္စည်းများနှင့် […]

မွန်ပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထား

Dawei Watch

July 20, 2026

ပြင်ပစျေးကွက်တွင်မူ စက်သုံးဆီလိုသလောက် ဝယ်ယူနိုင်ပြီး နေရာပေါ်မူတည်ကာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းကျော် အထိပေး၍ဝယ်ယူနေရသည်။

မွန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်ဖြစ်၊ စျေးကြီးပေးဝယ်ရ

Dawei Watch

July 18, 2026

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်မှု ပြန်ဖြစ်ပွားပြီး အရောင်းဆိုင်အချို့ ပိတ်ထားသည့်အတွက် သုံးစွဲသူများ ပြင်ပတွင် စျေးကြီးပေး ဝယ်သုံးနေရကြောင်း သိရသည်။ ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သထုံ အစရှိသည့် မြို့နယ်များတွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး စက်သုံးဆီ ပြတ်လပ်မှု ပြန်ဖြစ်နေကြောင်း၊ အရောင်းဆိုင်အများစုလည်း ပိတ်ထားကြကြောင်း သုံးစွဲသူများက ပြောသည်။ “ဒီရက်ပိုင်း ဆီတွေ ပြန်ပြတ်နေတယ်။ ဝယ်မရဘူး။ ဆိုင်တွေက ဆီမရှိလို့ဆိုပြီး ဆိုင်တွေ ပိတ်ထားကြတယ်။ ဆိုင်တွေကို မေးကြည့်တာကတော့ ဆီကားမဝင်လို့တော့ ပြောတယ်။ ဘာကြောင့်လဲဆိုတာ သူတို့လည်း သေချာမသိဘူးတဲ့” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။ စက်သုံးဆီ ပြတ်လပ်ပြီး အရောင်းဆိုင်များ ပိတ်ထားကြသည့်အတွက် သုံးစွဲသူများ ပြင်ပတွင် ဆီတစ်လီတာ တစ်သောင်းကျပ်အထိ စျေးကြီးပေး […]

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ပြီး လူနှစ်ရာခန့် အရေးပေါ် ပြောင်းရွှေ့

Dawei Watch

July 11, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာသည့်အတွက် မြစ်ကမ်းတစ်လျှောက် အနိမ့်ပိုင်းနေရာများက လူဦးရေ နှစ်ရာခန့် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုနေသည့် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းကစပြီး ဘီးလင်းမြစ်ရေသည် တဖြည်းဖြည့် မြင့်တက်လာကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ယနေ့ ဇူလိုင်လ ၁၁ ရက် ညနေပိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၏ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း ဆိုသည်။ ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်နှင့် အနိမ့်ပိုင်းနေရာများက ဒေသခံများကို အရေးပေါ် ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်အားကစားခန်းမတွင် ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားပြီး ဒေသခံ […]

သံဖြူဇရပ်တွင် လေပြင်းတိုက်ပြီး နေအိမ် ၄၀ နီးပါးပျက်စီး

Dawei Watch

July 11, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ နီးပါး သွပ်အမိုးလန် ထိခိုက်ပျက်စီးကြောင်း မြို့ခံများက ပြောသည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ည ၇ နာရီဝန်းကျင်တွင် သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ဇေယျတိုးချဲ့ရပ်ကွက် တွင် လေပြင်းကြောင့်ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ဆိုသည်။ “လေက တော်တော်ကြမ်းတယ်။ လန့်ပါ လန့်တယ်။ တစ်ခါ မကြုံဖူးဘူး။ သစ်ပင်တွေလဲ၊ လမ်းတွေပေါ် လဲကျတော့ သွားလာ လို့တောင် မရဘူး။ ညတွင်းချင်း ရှင်းနေရတယ်။ အိမ်ခေါင်မိုးက သွပ်တွေဆိုရင် လွင့်ကုန်တာ။ အများဆုံး ထိတာက အောင်ကုသိုလ်၊ အောင်ဇေယျရပ်ကွက်ပေါ့” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အောင်ကုသိုလ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ အမိုးလန် ပျက်စီးပြီး ထိုင်တော်မူဘုရားကြီး၏ အမြင့် […]

မိုးသည်းထန်၍ ဘီးလင်းမြို့နယ် အနိမ့်ပိုင်းနေရာများ ရေမြုပ်

Dawei Watch

July 10, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းနေရာများ ရေမြုပ်နေ၍ ဒေသခံများကို ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက် အပါအဝင် အနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်း ရေစတင်ဝင်ရောက်လာသဖြင့် ပြည်သူများမှာ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေကြရသည်။ “မိုးက ဆက်တိုက်ကို များနေတာပါ။ မြစ်ရေကလည်း တဖြည်းဖြည်း တက်လာနေတယ်။ အနိမ့်ပိုင်းနေရာတွေမှာ ဒီမနက် ရေတွေ စဝင်လာတယ်။ မြစ်ရေက တက်လာနေတာဖြစ်တဲ့အတွက် အနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိရှိဖို့ လိုပါတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။ ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ အိမ်ထောင်စုများကို ဘီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ […]

စက်သုံးဆီ တရားမဝင်ရောင်းသည်ဟုဆိုကာ ရာဇာမင်းပိုင်ရှင်ကို ထောင်နှစ်နှစ်ချ

Dawei Watch

July 9, 2026

တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည်ဟုဆိုကာ ပြည်နယ်အတွင်းရှိ ရာဇာမင်းကုမ္ပဏီပိုင်ရှင်၊ စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်၊ မိဘမေတ္တာစက်သုံးဆီဆိုင်ပိုင်ရှင်နှင့် မင်းသန့်စက်သုံးဆီဆိုင်ပိုင်ရှင်တို့ ဖမ်းဆီးခံထားရသည်။