ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ် ပြေးဆွဲမည်

Dawei Watch

June 27, 2026

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားသည် ပြေးဆွဲချိန် ခြောက်နာရီကြာမြင့်မည်ဖြစ်ကြောင်း ဆိုသည်။

ရေး – ထားဝယ်လမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်

Dawei Watch

June 26, 2026

ရေး – ထားဝယ်ကားလမ်း ရေဖြူမြို့နယ်၊ ရေပုံးရွာအနီးတွင် ရန်ကုန်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများထံမှ သိရသည်။ ရေပုံးရွာအနီး ၃၉ မိုင်တံတားအနီးတွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တံတားပြုပြင်တုန်းက လမ်းလွဲလုပ်ထားတဲ့ မြေနိမ့်တဲ့အပိုင်းကို ကားက ထိုးဆင်းသွားတာပါ။ လမ်းလွဲက နိမ့်ပြီး ကျန်နေတော့ ချိုင့်လိုဖြစ်နေတယ်” ဟု ကားတိမ်းမှောက်မှုအနီး ရှိခဲ့သည့် ရေပုံးရွာသားတစ်ဦးက ပြောသည် ။ ကားမောင်းသူနှင့် ကားစပယ်ယာ နှစ်ဦးစလုံး ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။ ကားတွင် သံထည် ကုန်မာအချို့ နှင့် စားသောက်ကုန်အချို့ တင်ဆောင်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ ကုန်ပစ္စည်းများကို အခြားကားတစ်စီးဖြင့် ပြန်သယ်ယူခဲ့ပြီး ကားကို […]

ဘီးလင်းမှာ စစ်အာဏာရှင်တပ် လက်နက်ကြီးထိလို့ အမြွှာကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တစ်ဦးသေဆုံး

Dawei Watch

June 26, 2026

စစ်အာဏာရှင်တပ်ဟာ ဘီးလင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက်လုပ်နေပါတယ်။

ဘီးလင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးထိပြီး အမြွှာကိုယ်ဝန်ဆောင်နှင့် ကလေးငယ်တစ်ဦးသေဆုံး

Dawei Watch

June 25, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမြွှာကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNUထံမှ သိရသည်။ စစ်အာဏာရှင်တပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ တပ်ရင်းက ဇွန်လ ၂၂ ရက် ညတွင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ ခမရ (၃) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ပဏ္ဍိကုန်းကျေးရွာရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။ ကိုယ်ဝန် ၇လ ဆောင်ထားသည့် အသက် ၄၁နှစ်အရွယ် ဒေါ်ဇင်မာစိုးနှင့် အသက် ၁၁ နှစ်အရွယ် မိစနေ တို့ သေဆုံးကြောင်း KNU […]

ရေးတွင် မွန်ပြည်သစ်ပါတီ ကင်းစခန်းတစ်ခုကို စစ်အာဏာရှင်တပ် ဝင်သိမ်း

Dawei Watch

June 25, 2026

တပ်ဖွဲ့ဝင် အနည်းငယ်ရှိသည့် ကင်းစခန်းဖြစ်ပြီး စစ်အာဏာရှင်တပ်က စခန်းသိမ်းပြီးနောက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဆိုသည်။

အနန်းကွင်းဗျူဟာကို စစ်အင်အားဖြည့်၊ လက်နက်ကြီးရက်ဆက်ပစ်သဖြင့် အရပ်သားခြောက်ဦးဒဏ်ရာရ

Dawei Watch

June 24, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ အနန်းကွင်း ဗျူဟာကို စစ်အင်အားဖြည့်တင်းနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်သဖြင့် အရပ်သား ခြောက်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၂၁ရက် ညနေတွင် အနန်းကွင်းဗျူဟာတပ်စခန်းက လူနေကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ဝင်းခနကျေးရွာနှင့် ပန်းအောင်ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။ ဇွန်လ ၂၂ရက်တွင်လည်း ပုတောကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြေးအဘွား သုံးဦး ထပ်မံ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးဖြင့် ရက်ဆက် ပစ်ခတ်နေသည့်အပြင် ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်တပ်သည် အနန်းကွင်းဗျူဟာသို့ စစ်အင်အားများ […]

မွန်လွှတ်တော် လုံခြံရေး ရဲတပ်ဖွဲ့ဝင်ကို ရောင်းစားသူများအား လူကုန်ကူးမှု၊ ရာဇာသတ်ကြီးပုဒ်မများဖြင့် အမှုဖွင့်

Dawei Watch

June 23, 2026

ရဲတပ်သားသည် ဘုရားရင်ပြင်တွင် တစ်ဦးတည်းထိုင်နေစဉ် စစ်အာဏာရှင်တပ် စစ်သားစုဆောင်းရေးအဖွဲ့ဝင် ဦးတင်သန်းနှင့်အဖွဲ့ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျိုက်ထိုဒေသခံများ ထွက်ပြေးတိမ်းရှောင်

Dawei Watch

June 22, 2026

လေယာဉ်ဖြင့် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ချောင်းစောင့်ကျေးရွာနှင့် အနီးအနားတဝိုက်ရှိ ကျေးရွာ ငါးရွာထက်မနည်းက ရာနှင့်ချီသည့်ဒေသခံများက ထွက်ပြေးနေရခြင်းဖြစ်သည်။