ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေး - ထားဝယ်လမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်

June 26, 2026

ရေး – ထားဝယ်ကားလမ်း ရေဖြူမြို့နယ်၊ ရေပုံးရွာအနီးတွင် ရန်ကုန်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ကြောင်း လမ်းသွားလမ်းလာများနှင့် ဒေသခံများထံမှ သိရသည်။

ရေပုံးရွာအနီး ၃၉ မိုင်တံတားအနီးတွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“တံတားပြုပြင်တုန်းက လမ်းလွဲလုပ်ထားတဲ့ မြေနိမ့်တဲ့အပိုင်းကို ကားက ထိုးဆင်းသွားတာပါ။ လမ်းလွဲက နိမ့်ပြီး ကျန်နေတော့ ချိုင့်လိုဖြစ်နေတယ်” ဟု ကားတိမ်းမှောက်မှုအနီး ရှိခဲ့သည့် ရေပုံးရွာသားတစ်ဦးက ပြောသည် ။

ကားမောင်းသူနှင့် ကားစပယ်ယာ နှစ်ဦးစလုံး ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။

ကားတွင် သံထည် ကုန်မာအချို့ နှင့် စားသောက်ကုန်အချို့ တင်ဆောင်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ကုန်ပစ္စည်းများကို အခြားကားတစ်စီးဖြင့် ပြန်သယ်ယူခဲ့ပြီး ကားကို ပြန်ဆွဲတင်နိုင်ရန် ပတ်ဝန်းကျင်ရှိ ကျေးရွာနေသူများက ကူညီဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။